ideal

Thursday, May 20, 2010

Andre- Marie Ampere




Born 20 January 1775
Parish of St. Nizier, Lyon,France
Died 10 June 1836 (aged 61)
Marseille, France
Residence France
Nationality French
Fields Physics
Institutions Bourg-en-Bresse
École Polytechnique
Known for Ampere's Law
အင်ဒရီး မယ်ရီ အမ်ပီယာ(၁၇၇၅-၁၈၃၆) ဆိုတာကတော့ ၁၉ရာစုရဲ့ ပြင်သစ် သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လိုင်ယွန်မြို့ရဲ့ အနီးအနားက Polemieux မှာ မွေးဖွားခဲ့ပါတယ်။ Ampere ဆိုတာကတော့ electric current ရဲ့ ယူနစ် တစ်ခုဖြစ်ပါတယ်။ သူ့ကို ဂုဏ်ပြုပြီးတော့ ခေါ်ဆို ထားတာ ဖြစ်ပါတယ်။ အင်ဒရီး မယ်ရီ အမ်ပီယာ ကတော့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ ကြားမှာရှိတဲ့ ဆက်သွယ် ချက်ကို စူးစမ်းရှာဖွေခဲ့တဲ့ ပြင်သစ်သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ ၁၈၂၀ ခုနှစ် မှာ principle of electromagnetic reaction (magnetic field တစ်ခုforce သက်ရောက်လိုက် တာနဲ့ electrical current ဖြတ်သန်းစီးဆင်း) ကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ electrodynamic theory နဲ့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ဆက်သွယ်ချက် ကို (Collection of Observations on Electrodynamics, 1822) နဲ့ (Theory of Electrodynamics Phenomena ,1826) စာအုပ် တွေမှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
အမ်ပီယာကို ၁၇၇၅ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ လိုင်ယွန် မြို့မှာမွေးဖွားခဲ့ပါတယ်။ ၁၈၃၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အမ်ပီယာရဲ့ ကလေးဘ၀ နဲ့ ဆယ်ကျော်သက် အရွယ်အထိ သူ့ရဲ့ မိသားစုနဲ့ အတူ လိုင်ယွန်မြို့ရဲ့ အနီးအနားက Poleymieux-au- Mont-d'Or မှာနေထိုင် ခဲ့ ပါတယ်။ သူ့အဖေက သူကို လက်တင် ဘာသာကို စတင် သင်ကြား ပေးခဲ့ပါတယ်။ သူ့ရဲ့တိထွင်မှုတွေ မစတင်ခင်ထိတော့ သူရဲ့ အထုံပါရမီနဲ့ စိတ်ဝင်စားတဲ့ သင်္ချာဘာသာ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ အမ်ပီယာက သူ့ရဲ့ လက်တင်ဘာသာ ကို ပြန်လည် စတင်ခဲ့ပါတယ်။သူ့ရဲ့ ဆရာတွေကတော့ ဆွီဇာလန် သိပ္ပံပညာရှင် နှစ်ယောက် ဖြစ်တဲ့ Euler နဲ့ Bernoulli ဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ အမ်ပီယာ ၁၈နှစ်မှာ mathematics နဲ့ science ကို ကျွမ်းကျင်ပိုင်နိုင် လာပါတယ်။ သို့သော် နောက်မှာတော့ သူက history, travels, poetry, philosophy နဲ့ natural sciences တွေကို လေ့လာခဲ့ပါတယ်။ ပြင်သစ် တော်လှန်ရေး ကာလမှာ တော့ အမ်ပီယာရဲ့ အဖေက သူ့ကို လိုင်ယွန်က စိတ်ချရတဲ့အတွက် ပြောင်းနေဖို့ ပြောလာပါတယ်။သို့သော်ငြားလည်း သူ့အဖေ ကတော့ ပြင်သစ် တော်လှန်ရေး အပြီးမှာတော့ ဖမ်းဆီး ကွပ်မျက် ခံခဲ့ရပါတယ်။ ဒါနဲ့ပါတ်သက် ပြီးတော့ အမ်ပီယာ စိတ်ထိခိုက် ခဲ့ရပါတယ်။
၁၇၉၆မှာ Julie Carron နဲ့တွေ့ခဲ့ပြီးတော့ ၁၇၉၉ မှာလက်ထပ်ခဲ့ပါတယ်။၁၇၉၆ ခန့်မှာ သူက လိုင်ယွန်ရဲ့ mathematics, chemisty နဲ့ languages ဌာနတွေမှာ လုပ်ကိုင်ခဲ့ ပါတယ်။ ၁၈၀၁ မှာ သူ physics နဲ့chemistry ဌာန ရဲ့ professor အဖြစ် ဘ်ိုဒေါ့ ကိုပြောင်းလာခဲ့ပါတယ်။၁၈၀၃ ခုနှစ်မှာ သူ့မိန်းမဆုံးသွားလို အမ်ပီယာ ဒုက္ခ ရောက်ခဲ့ ရပါတယ်။သူအနားယူခဲ့တယ်။သို့သော် သူ လိုင်ယွန် တက္ကသိုလ်မှာ အကြံပေး အဖြစ် ၁၈၀၄ ခုနှစ်မှာ လုပ်ခဲ့ပါတယ်။
Jean Baptiste Joseph Delambre'sရဲ့ ထောက်ခံချက်အရ လိုင်ယွန်မှာ ခန့်အပ်ခံရပါတယ်။ ၁၈၀၅ နောက်မှာ ပဲရစ်ရဲ့ polytechnic ကျောင်းမှာ အရေးသိပ်မပါတဲ့ နေရာတစ် ခုကိုရခဲ့တယ်။ ၁၈၀၉ခုနှစ် မှာ သင်္ချာဌာနရဲ့ professor ဖြစ်လာခဲ့ပါတယ်။အဲမှာ သူက scientific research တွေကို မလျော့သော ဇွဲ၊လုံ့လ ၊ ဝိရီယ တွေနဲ့ လေ့လာလိုက်စားခဲ့တယ်။ ၁၈၁၄ ခုနှစ်မှာတော့ တက္ကသိုလ် ရဲ့ အဖွဲ့ဝင် အဖြစ်ခန့်အပ်ခံရပါတယ်။
Electromagnetic လို့ခေါ်တဲ့ electricity နဲ့ magnetism ကြားမှာရှိတဲ့ ဆက်သွယ်ချက် ကိုပြသခဲ့ပါတယ်။၁၈၂၀ စက်တင်ဘာလ ၁၁ရက်နေ့မှာ H. C. Ørsted's ရှာဖွေတွေ့ရှိခဲ့တဲ့ voltic current ကြောင့် action ဖြစ်စေတဲ့ magnetic needle အကြောင်းကိုကြားခဲ့ရပါတယ်။တစ်ပါတ် အကြာ စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ ထူးခြားတဲ့အဘောတရားတွေ နဲ့ ပြီးပြည့်စုံ တဲ့ စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ့ နေ့မှာဘဲ parallel ဖြစ်နေတဲ့ conductors နှစ်ချောင်းမှာ လျှပ်စစ်ဖြတ်သန်းစီးဆင်း သွားတဲ့အခါမှာတော့ direction တူနေမယ်ဆိုရင်တော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခု ဆွဲငင် ကြပြီးတော့ direction မတူတဲ့ အခါမှာတော့ တစ်ခုနဲ့တစ်ခုဟာ တွန်းကန်ကြတယ်ဆိုတာ ကို ပြသခဲ့ပါတယ်။
Electromagnetism နယ်ပယ်ဟာ အမ်ပီယာကြောင့် ပြန့်ပွား လာခဲ့ပါတယ်။mathematical theory တွေဟာတိုးတက်လာခဲ့တယ်။ဒါတွေသာမက သူလေ့လာထားတဲ့ electromagnetic phenomena နဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် အသစ်တွေကိုလည်း ဟောကိန်း ထုတ်ခဲ့တယ်။ ၁၈၂၈ ခုနှစ် မှာတော့ ဆွီဒင် သိပ္ပံအကယ်ဒမီ ရဲ့ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးကောက် ခြင်းကိုခံခဲ့ရတယ်။
၁၈၃၆ခုနှစ်မှာ အမ်ပီယာ က မာဆေး မှာသေဆုံးခဲ့ပါတယ်။ သူ့ကို ပဲရစ်ရဲ့ Cimetière de Montmartre မှာ မြေမြုလ် သင်္ဂြိုဟ် ခဲ့ပါတယ်။သူ့ကို ဂျာနယ် တွေက သူဟာ ရိုးသားတယ်၊အပြစ်ကင်းစင်တယ်၊ သနားကြင်နာတတ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

Mobile handset အကြောင်း

ကိုယ်ဝယ်မဲ့ handset က အသစ်လား used လား ဆိုင်ရှင်ကိုမမေးနဲ့ handset ကိုမေးကြည့်တာစိတ်ချ
ရတယ် ဒီ code လေးရိုက်လိုက်ပေါ့
*#92702689# ဒါမှမဟုတ် (*#WAR0ANTY#) ရိုက်ပါ

1st line=စီရီရယ် number (IMEI)

ဂဏန်း 15 လုံးပါတဲ့ IMEI- နံပါတ်
များကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားပါသေးတယ်
XXXXXX XX XXXXXX X
TAC FAC SNR SP

*
TAC = Type approval code ( ပထမဂဏန်း ၆ လုံးက TAC ပါ )
*
FAC = Final assembly code ( ဒုတိယ ၂ လုံးက FAC )
*
SNR = စီရီရယ် number ( တတိယ ၆ လုံးက SNR )
*
SP = Spare ( နောက်ဆုံး ၁ လုံးက Spare ) ဖြစ်ပါတယ်


2nd line=Production date (MM/YY)

3rd line =Purchase date (MM/YY) You can only enter the date once.

4th line =Date of last repair (0000=No repair)


ကိုယ် ပြောလိုက်တဲ့ အသံကို ပြောင်းပေးဖို့လေဗျာ။ မိန်းကလေးအသံ၊ ကလေးအသံ၊ ယောကျာင်္းလေးအသံ၊ သရဲအသံ၊ ခွေးအသံ၊ (သို့မဟုတ်) မိမိလိုချင်တဲ့အသံတွေကို စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ခံအသံတွေ အနေနဲ့လည်း မြို့ထဲက ကားဟွန်းသံတွေလိုမျိုး ကြိုက်သလိုထည့်လို့ရတယ်။ ဘယ်လိုသုံးမလဲ ဆိုတော့ … ကွန်ပျူမှာသုံးရင်တော့ chatting တွေ နဲ့ ဖုန်းဆက်ဖို့အတွက် သုံးလို့ရသလို၊ သီချင်းသမားတွေအတွက်လည်း အသုံးဝင်ပါတယ်။ နောက်ခံကားသံတွေထည့်ပြီး ‘ချစ်ရေ .. ကိုယ် မြို့ထဲရောက်နေလို့ကွာ’ ပေါ့ ။ း)
ဖုန်းထဲမှာသုံးတဲ့ program လည်း ထည့်ပေးထားပါတယ်။ ယောက္ခမ က ယောကျာင်္းလေးသံနဲ့ဆို မခေါ်ပေးတာမျိုး ရှိခဲ့ရင်ပေါ့လေ။ အနည်းဆုံးတော့ အပျော်သဘောအနေနဲ့ သုံးလို့ရတယ်လေ။ အပျော်ပေါ့ဗျာ … စမ်းကြည့်ပါဦး။


PC အတွက်ရော၊ mobile အတွက်ရော ပေးထားပါတယ်။ ဒေါင်းနိုင်တဲ့ နေရာကတော့ mediafire တစ်နေရာပဲ ပေးထားလိုက်တော့မယ်ဗျာ။ အဆင်ပြေသလိုသာ ကြိုးစားပေတော့။ katz.cd မှာဆိုရင်လည်း အခြားသော hosting မျိုးစုံက တင်ပေးထားပါတယ်။ ကွင်းနဲ့ရေးပေးထားတဲ့ နာမည်ကိုသာ search ထဲ ထည့်ရှာလိုက်။ ပေါမှပေါပဲ။

ဒေါင်းလုပ် Voice changer for PC (MorphVOX_Pro_4.3.3) ဒီကောင့်ထဲမှာ crack ကို folder နဲ့ ထည့်ပေးထားတယ်။ replace ပေးရမယ့် crack ပါဗျာ။ install လုပ်ပြီး ဖွင့်ကြည့်ဗျာ။ ပထမဆုံး profile တစ်ခု ဆောက်ခိုင်းလိမ့်မယ်။ နာမည်လေးထည့်ပြီး next တွေနှိပ် စပေးလိုက်။ ပြီးရင် သုံးချင်တဲ့ အသံကို ရွေးပေးလို့ရသလို adjust လုပ်ပြီး ပြင်လို့လည်းရတယ်။ ဒီအသံကို gtalk ကဲ့သို့သော im တွေမှာလည်း ဖြစ်ဖို့ကိုတော့ Settings ရဲ့ Default system Microphone ဆိုတာကို check ပေးလိုက်ဖို့ လိုပါတယ်။ Vista နဲ့ windows 7 မှာဆိုရင်တော့ လက်ရှိသုံးနေတဲ့ mic ကို အမှတ်ခြစ် (default) ပေးထားပြီး၊ Bee audio ဆိုတဲ့ mic ကလည်း စကားပြောလိုက်ရင် အတုံးလေးတွေ လိုက်တက်ရမယ်။ ဒါဆိုရင် ဘယ်မှာပဲ သုံးသုံး ကိုယ်ပြင်ထားတဲ့အသံ ထွက်ပြီပဲ။ အောက်ကပုံတွေကို နှိပ်ကြည့်လိုက်ပါ။


mobile အတွက် တင်ပေးထားတဲ့ voice changer sis ဖိုင်လေးက အဆင်မပြေကြဘူးထင်တယ်။ ကျနော်လည်း mobile အတွက်ကို မစမ်းလိုက်မိဘူး။ အသစ်ပြန်တင်ပေးလိုက်ပါတယ်။
ဒေါင်းလုပ် Voice changer for Mobile
for windows mobile
for Series 60 mobile phones

ဒီလိုမျိုး headphone voice changer တွေလည်း ရှိသေးတယ်ဗျ။ ဒါနဲ့ဆို ဖုန်းအမျိုးအစားတွေ၊ software တွေ စဉ်းစားစရာ မလိုတော့ဘူးပေါ့။

ကျနော် software ရှယ်တဲ့အလုပ် သိပ်မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် အခုကောင်လေးက အပျော်သုံးလေး ဆိုတော့ ကြည်နူးမှုလေး ရှယ်ယာတဲ့ သဘောပေါ့။ အဆင်ပြေပါစေ …

ကောသလမင်း အိပ်မက် ၁၆ ချက်


(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။



(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။


(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။


(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။


(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။


(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။


(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထ်ိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။


(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။


(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။


(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။


(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။


(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။


(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခ်ိုင်မမြဲ ရှိကြကုန် လတ္တံ့။


(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။


(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။


(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

အသစ်တော့ အသစ်ပဲ


ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။

ၾသကာသ ၾသကာသ ၾသကာသ


[ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား,
ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။


သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊
ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည်။

ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။

တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။

သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။

အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။

ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ,
လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို
ခေါ်ပါသည်။

စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။

ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။

မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို
မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို
နိဝါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။

(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)

အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)

အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ -

(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။

- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)

ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။


- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း
ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်,
ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
[ အပြစ် ]ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို
မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ
များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)

(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။

(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။

(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။

ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး

မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့်
ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး
သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို
ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)


- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့
အမှန်တဲ့။

ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
[ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
[ဥပဓိဝိပတ္တိ]ဟု
ဆိုသည်။
(၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို
[ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။


- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။

ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။

ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။


ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ
သရုပ်ပြ။

အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည်
မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်