အာဒံနဲ့ ဧဝ ကပဲ စတယ်လို့ ပြောပြော...
ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော...
သူတို့ထဲမှာ
အမေ...ဆိုတဲ့ ဣတ္ထိလိင်
ပါလာလို့သာ
ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့
ဒီနေ့အထိ ကျနော်တို့အထိ
သားစဉ်မြေးဆက်တွေဖြစ်လာတယ်မဟုတ်လား အမေ...
အမေမှန်သမျှ
ဘာသာခြား လူမျိုးခြားရယ်လို့
ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ...
သားသည်အမေတစ်ယောက်ဟာ
အမေပါပဲ အမေ...
သူက ယုတ်ညံ့လို့...
သူက လူမျိုးခြားမို့လို့...
သူက ဘယ်ဘာသာမို့လို့...
မဟုတ်ပါဘူး အမေ
မဟုတ်ပါဘူး
ကျနော်မြင်တာဖြင့်
ကျနော်ပြောဦးမယ်
ကျနော်လွန်သွားမလား...
မလွန်ပါဘူး အမေ
ကျနော် စဉ်းစားထားပြီးမှ ပြောတာပါ
အမေမှန်ရင်လေ...
အမေ
နားနဲ့မနာ ဖဝါးနဲ့နာ
ပြောလိုက်ပါရစေတော့...
အမေဟာ
ကျနော့်လက်ထက်ထဲမှာ...
ကျနော့်မျက်စေ့အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ......
အမေဟာ အမေပါပဲ.....။ ။
