မဖြစ်နိုင်ဘူး
တခါက လူတယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန် တံခါးခေါက်သံကို သူကြားလိုက်တယ်..ပြန်မေးလိုက်တယ်.
`ဘယ်သူလဲ´
အပြင်က ပြန်ဖြေတယ်။
`ငါပဲ´
အထဲက လူအ၇မ်းလန့်သွားတယ်..သူမှန်၇ှေ့က်ိုပြေးပြီး သွားကြည့်လိုက်တယ်..မှန်ထဲမှာ
သူ့အ၇ိပ်ကို သူမြင်နေ၇တယ်..ဒီတော့မှပြန် အော် ပြောလိုက်တယ်..
`မဖြစ်နိုင်ဘူး..ငါက ဒီမှာ ၇ှိနေတာပဲဟာ´
ီ
ဒီနေ၇ာမှ ဟုတ်၇ဲ့လား
တခါက ဘု၇ားကျောင်းတခုမှာ နှစ်ခြင်းခံယူပွဲ လုပ်နေတယ်..ဘုန်းတော်ကြီးက
နှစ်ခြင်းခံမယ့် လူ၇ဲ့ခေါငး်ကို ၇ေကန်ထဲ ဆွဲနှစ်လိုက်ပြီး မေးလိုက်တယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
အနှစ်ခံ၇တဲ့လူ ဝူးဝူးဝါးဝါးနဲ့ ခေါင်းမော့ပြီးပြန်ဖြေတယ်..
`ဟင့်အင်း´
ဘုန်းတော်ကြီးက နောက်တခါထပ်နှစ်တယ်..ထပ်မေးတယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
ဟိုလူကလဲ ဝူးဝူးဝါးဝါးနဲ့ ပြန်ဖြေတယ်..
`ဟင့်အင်း`
ဘုန်းတော်ကြီးက ယေ၇ှုခ၇စ်စ်ကို မမြင်မချင်း ခေါင်းကို၇ေထဲ ဆွဲဆွဲနှစ်ပြီးမေးတယ် ..ဟိုလူကလဲ
မမြင်ဘူး..၇ေပဲမွန်းလာတယ်.. ကြာလာတော့ အဲဒီလူ ဒေါသထွက်ပြီး
ဘုန်းတော်ကြီးကို ပြန်မေးလိုက်တယ်..
`ခင်ဗျားယေ၇ှု ၇ေနစ်သွားတာ ဒီနေ၇ာမှ ဟုတ်၇ဲ့လား´
(ပျော်စေလိုသော သဘောနှင့်သာ၇ေးသားပါသည်..မည်သည့် ၇ည်၇ွယ်ချက်မျှ ဆိုး၇ွားစွာမ၇ှိပါ)
အော်..အဲ့လိုလား
ကလေးတယောက်က သူ့အိမ်၇ှေ့က အုတ်ခုံလေးမှာထိုင်နေတယ်..လူတယောက်က ၇ောက်လာပြီးမေးတယ်..
`သား.သားမေမေ၇ော´
ကလေးကဖြေတယ်..
`မ၇ှိဘူး ..ကလေးမွေးနေလို့ ဆေး၇ုံမှာ အနားယူနေတယ်´
အဲဒီလူက ပြန်မေးတယ်..
`ဟင်..သားအဖေက နိုင်ငံခြားမှာဆို´
`အငး်လေ..ဖေဖေက နေ့တိုင်းမေမေ့ဆီ ဖုန်းဆက်နေတာပဲကို´
တိုက်ထည့်လိုက်မလို့
မစ္စတာbean၇ထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့၇ထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
၇ထားစီးတဲ့လူတွေဒဏ်၇ာ ၇ကုန်တယ်..မီး၇ထားကအ၇ာ၇ှိက သူ့ကိုခေါ်ဆူ တယ်..
`၇ထားမောင်းတယ်ဆိုတာ လူအများကြီး၇ဲ့ အသက်ကို မငး်လက်ထဲမှာ ထည့်ပြီးမောင်း၇တာ.. မငး်ဘာလို့ ဒီလောက်တာဝန်မဲ့၇တာလဲ´
beanကဖြေတယ်..
`မဟုတ်ပါဘူးဆ၇ာ..ကျွန်တော်ဒီနေ့ ၇ထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အ၇ာ၇ှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ၇ထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
beanပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ၇ထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´
(၁၉၇၀ခုနှစ်က တစ်ကွက်ကာတွန်းများဖြစ်ပါတယ်)
ဆံပင်ညှပ်ခဲ့ပါ
ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်..
`မေမေ၇ေ..သားကို ဆ၇ာမက ဆံပင်ညှပ်ခဲ့ပါတဲ့´
`ဒီတော့ သားက ဆံပင်ညှပ်တော့မယ်ပေါ့..´
´ဟင့်အင်း..ကျောင်းထွက်တော့မယ်..´
ဒါတွေယူသွား
တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေး၇င်း ပြောလိုက်တယ်..
`၇ော့.ဒါတွေပါယူသွား..မယူသွား၇င် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´
မငြင်းတော့ပါဘူး
ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆ၇ာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆ၇ာပြားတယ် ထင်၇င်လဲ ထားလိုက်ပါတော့ ဆ၇ာ..ကျွန်တော် ဆ၇ာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
ဘယ်မှာလဲ
လူတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိူက်တာ တခါတည်းကို
သက်သာသွား၇ောဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ဝမ်းသာအား၇ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´
ဒီလိုမေး၇တယ်ကွ
၇ွာတစ်၇ွာမှာ အိမ်ထောင်စုစာ၇င်းကောက်ဖို့မောင်အ ကို ၇ွာလူကြီးက တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မငး်က တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစာ၇င်းကောက်ဖို့ပါလို့ ပြော
အိမ်ထောင်၇ှိလား..ကလေး၇ော၇ှိလား..ယောက်ျားလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့၇ုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာတယ်..မောင်အ ပြောလိုက်တယ်..
`အိမ်ထောင်စု စာ၇င်းကောက်မလို့..မငး်ဒီအိမ်ကလား´
ကောင်မလေး ခေါငး်ညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်၇ှိလား´
`မ၇ှ်ိပါဘူး´
`ဒါဆိုကလေး၇ော..´
`ဖြန်း´
မောင်အကို ကောင်မလေးက ပါး၇ိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်အလဲ ၇ွာလူကြီးင်္ဆီပြန် လာပြီးပြောြ့ပတယ်..၇ွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မ၇ှိပါဘူးပြောတာ ကလေးက ဘယ်၇ှိမှာလဲ ..ဒီတခါ ကလေး၇ှိလား အ၇င်မေးကြားလား´
မောင်အ ပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်..
`အိမ်ထောင်စုစာ၇င်းကောက်မလို့ ..အဘွားဒီအိမ်က လား`
`အေး´
`အငး်..အဘွား ကလေး၇ှိလား..´
`အေး၇ှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်၇ော..?´
`ဖြန်း´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..
မ၇ှိလို့
တိုလီမိုလီ ပစ္စည်းလေးတွေ ၇ောင်းတဲ့ ဆိူင်တဆိုင်ကို လူတယောက်ဝင်လာပြီးမေးတယ်..
`တူ၇ှိလား´
`ဟင့်အင်း´
`သံ၇ော´
`ဟင့်အင်း´
`ဒါဆို လွှ´
`မ၇ှိဘူး´
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမ၇ှိဘူး´
`ဟင်..ဒါဆို ခင်ဗျားတို့ ဘာလို့ ဆိုင်ဖွင့်နေသေးလဲ´
ဆိုင်၇ှင်ပြန်ဖြေတယ်..
`ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့´
(just fun)
ဆေး၇ုံ တစ်ခုထဲကို လူနာတယောက်၇ောက်လာတယ်..သူနာပြုကမေးတယ်..
`ဘာလာလုပ်တာလဲ´
`ဆေးရုံ့တက်ချင်လို့ပါ´
`ဆေး ပါလား´
`မပါဘူးခင်ဗျ´
`ပတ်တီး၇ော´
`မပါဘူးခင်ဗျ´
`ဂွမ်း´
`မပါဘူးခင်ဗျ´
`ခွဲဖို့ စိတ်ဖို့ ကိ၇ိယာတန်ဆာပလာ..´
`ဘာမှမပါပါဘူးခင်ဗျ..´
သူနာပြုဒေါသထွက်ပြီး ပြန်မေးတယ်..
`ဘာမှမပါဘဲ ဆေး၇ုံကို ဘာလာလုပ်တာလဲ..´
တူးတီးတူတူးတူး
ချူချာလူမျိုုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်..ဟိုတယ် မှာတည်းတယ်..သူက receptionistကိုပြောတယ်..
`တူးတီးတူတူးတူး´
receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က မေးတယ်..
`ဘာအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´
စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်၇ောက်လာတယ်..မေးတယ်..ချူချာ ကလဲ ပြန်ပြောတယ်..
`တူးတီးတူတူးတူး´
ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး.. နောက်ဆုံးဟိုတယ် မန်နေဂျာ၇ောက်လာတယ်..မေးတယ်..
`ဘာများအလို၇ှိပါသလဲ လူကြီးမငး်ခင်ဗျာ´
ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ဝမ်းသာအား၇ ထပြောတယ်..
`အော်..သူကပြောတယ်...လက်ဖက်၇ည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ပေးပါတဲ့´
မှားသွားပြီ
စိတ္တဇ၇ောဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆ၇ာဝန်ခေါ်ပြတယ်..ဆ၇ာဝန်ကို သားဖြစ် သူက ပြောပြနေတယ်..
`ဆ၇ာ..ကျွန်တော် ညက ၇ှုးပေါက်ချင်လို့ အိမ်သာထဲသွားတယ် ဆ၇ာ..အိမ်သာတံခါးကို ဖွင့်လိုက်တော့
မီးက အလိုလိုလင်းသွားတယ်..တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်
သွားတယ်ဆ၇ာ.အဲဒါနဲ့ ကျွန်တော်လဲ ၇ှုးပေါက်ပြီးပြန်အိပ်နေလိုက်တယ်..´
အဖေဖြစ်သူက ထအော်တယ်..
`ဟာ..အဲဒါမှပြသနာပဲ..မိန်းမ၇ေ..မင့်သား ၇ေခဲသေတ္တာထဲ ၇ှုးပေါက်လိုက်ပြီ ထင်တယ်´
ဘာလို့စည်းကမ်းမ၇ှိတာလံဲ
ယောကျား်ဖြစ်သူက သိပ်စည်းကမ်းကြီးတော့ မိန်းမဖြစ်သူက သိပ်ကြောက်၇တယ်..တနေ့မှာ ယောက်ျားက
အလုပ်ကပြန်လာတော့ ၇ေခဲသေတ္တာတစ်လုံးဝယ်ပေးတယ်..၇ိို၇်ိုသေသေကိုင်
လို့ပြောတော့ မိန်းမက ဟုတ်ကဲ့ပါပေါ့..
နောက်နေ့ ယောက်ျားအလုပ်ကပြန်လာတော့ ယောက်ျားက ၇ေခဲသေတ္တာကို ဖွင့်တယ်..ဘာ
မပြောဘာမဆိုနဲ့ မိန်းမကိုပါး၇ိုက်လိုက်တယ်..မိန်းမက အံ့သြပြီးစဉ်းစားတယ်..
`အော်..သူကြိုက်တတ်တဲ့ ဝက်အူချောင်ေးတွထည့်မထားပေးလို့နေမယ်´
နောက်နေ့ ဝက်အူချောင်းတွေထည့်ထားပေးတယ်..ေ.ယကျာ်းကအလုပ်က ပြန်လာတော့ ၇ေခဲ သေတ္တာကိုဖွင့်တယ်..ပါး၇ိုက်လိုက်တယ်..မိန်းမကစဉ်းစားတယ်..
`အင်း..သူ့ကိုဘီယာဘူးတွေ ထည့်မထားပေးလို့ ထင်တယ်..´
နောက်နေ့ ထည့်ထားပေးလိုက်တယ်..ယောက်ျားက ပြန်လာတော့ ၇ေခဲသေတ္တာဖွင့်ပြီး ၇ိုက်ပြန်၇ော..မိန်းမက မေးတယ်..
`၇ှင်ဘာလို့ ကျွန်မကို ပြန်လာတိုင်း ပါးပဲ၇ိုက်နေ၇တာလဲံ´
ယောကျား်ကပြန်ပြောတယ်..
`ငါမငး်ကို ၇ေခဲသေတ္တာကို စည်းကမ်း၇ှိ၇ှိသုံးပါလို့ပြောထားတယ်မဟုတ်လား..ကြည့်စမ်း.. ငါပြန်လာတိုင်း ၇ေခဲသေတ္တာက မီးလင်းနေတယ်´
အေးလေ..အေးလေ..
တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိူက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကို ၇ှေ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမက်ိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား ကျွန်တော့်ကားပေါ်က ဆငး်၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´

