ideal

Friday, May 28, 2010

မဖြစ်နိုင်ဘူး

မဖြစ်နိုင်ဘူး

တခါက လူတယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန် တံခါးခေါက်သံကို သူကြားလိုက်တယ်..ပြန်မေးလိုက်တယ်.
`ဘယ်သူလဲ´
အပြင်က ပြန်ဖြေတယ်။
`ငါပဲ´
အထဲက လူအ၇မ်းလန့်သွားတယ်..သူမှန်၇ှေ့က်ိုပြေးပြီး သွားကြည့်လိုက်တယ်..မှန်ထဲမှာ
သူ့အ၇ိပ်ကို သူမြင်နေ၇တယ်..ဒီတော့မှပြန် အော် ပြောလိုက်တယ်..
`မဖြစ်နိုင်ဘူး..ငါက ဒီမှာ ၇ှိနေတာပဲဟာ´

ဒီနေ၇ာမှ ဟုတ်၇ဲ့လား

တခါက ဘု၇ားကျောင်းတခုမှာ နှစ်ခြင်းခံယူပွဲ လုပ်နေတယ်..ဘုန်းတော်ကြီးက
နှစ်ခြင်းခံမယ့် လူ၇ဲ့ခေါငး်ကို ၇ေကန်ထဲ ဆွဲနှစ်လိုက်ပြီး မေးလိုက်တယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
အနှစ်ခံ၇တဲ့လူ ဝူးဝူးဝါးဝါးနဲ့ ခေါင်းမော့ပြီးပြန်ဖြေတယ်..
`ဟင့်အင်း´
ဘုန်းတော်ကြီးက နောက်တခါထပ်နှစ်တယ်..ထပ်မေးတယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
ဟိုလူကလဲ ဝူးဝူးဝါးဝါးနဲ့ ပြန်ဖြေတယ်..
`ဟင့်အင်း`
ဘုန်းတော်ကြီးက ယေ၇ှုခ၇စ်စ်ကို မမြင်မချင်း ခေါင်းကို၇ေထဲ ဆွဲဆွဲနှစ်ပြီးမေးတယ် ..ဟိုလူကလဲ
မမြင်ဘူး..၇ေပဲမွန်းလာတယ်.. ကြာလာတော့ အဲဒီလူ ဒေါသထွက်ပြီး
ဘုန်းတော်ကြီးကို ပြန်မေးလိုက်တယ်..
`ခင်ဗျားယေ၇ှု ၇ေနစ်သွားတာ ဒီနေ၇ာမှ ဟုတ်၇ဲ့လား´
(ပျော်စေလိုသော သဘောနှင့်သာ၇ေးသားပါသည်..မည်သည့် ၇ည်၇ွယ်ချက်မျှ ဆိုး၇ွားစွာမ၇ှိပါ)



အော်..အဲ့လိုလား

ကလေးတယောက်က သူ့အိမ်၇ှေ့က အုတ်ခုံလေးမှာထိုင်နေတယ်..လူတယောက်က ၇ောက်လာပြီးမေးတယ်..
`သား.သားမေမေ၇ော´
ကလေးကဖြေတယ်..
`မ၇ှိဘူး ..ကလေးမွေးနေလို့ ဆေး၇ုံမှာ အနားယူနေတယ်´
အဲဒီလူက ပြန်မေးတယ်..
`ဟင်..သားအဖေက နိုင်ငံခြားမှာဆို´
`အငး်လေ..ဖေဖေက နေ့တိုင်းမေမေ့ဆီ ဖုန်းဆက်နေတာပဲကို´



တိုက်ထည့်လိုက်မလို့


မစ္စတာbean၇ထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့၇ထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
၇ထားစီးတဲ့လူတွေဒဏ်၇ာ ၇ကုန်တယ်..မီး၇ထားကအ၇ာ၇ှိက သူ့ကိုခေါ်ဆူ တယ်..
`၇ထားမောင်းတယ်ဆိုတာ လူအများကြီး၇ဲ့ အသက်ကို မငး်လက်ထဲမှာ ထည့်ပြီးမောင်း၇တာ.. မငး်ဘာလို့ ဒီလောက်တာဝန်မဲ့၇တာလဲ´
beanကဖြေတယ်..
`မဟုတ်ပါဘူးဆ၇ာ..ကျွန်တော်ဒီနေ့ ၇ထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အ၇ာ၇ှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ၇ထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
beanပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ၇ထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´


(၁၉၇၀ခုနှစ်က တစ်ကွက်ကာတွန်းများဖြစ်ပါတယ်)
ဆံပင်ညှပ်ခဲ့ပါ

ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်..
`မေမေ၇ေ..သားကို ဆ၇ာမက ဆံပင်ညှပ်ခဲ့ပါတဲ့´
`ဒီတော့ သားက ဆံပင်ညှပ်တော့မယ်ပေါ့..´
´ဟင့်အင်း..ကျောင်းထွက်တော့မယ်..´

ဒါတွေယူသွား


တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေး၇င်း ပြောလိုက်တယ်..
`၇ော့.ဒါတွေပါယူသွား..မယူသွား၇င် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´


မငြင်းတော့ပါဘူး

ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆ၇ာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆ၇ာပြားတယ် ထင်၇င်လဲ ထားလိုက်ပါတော့ ဆ၇ာ..ကျွန်တော် ဆ၇ာနဲ့ ပြိုင်မငြင်းချင်ပါဘူး´



ဘယ်မှာလဲ

လူတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိူက်တာ တခါတည်းကို
သက်သာသွား၇ောဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ဝမ်းသာအား၇ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´


ဒီလိုမေး၇တယ်ကွ


၇ွာတစ်၇ွာမှာ အိမ်ထောင်စုစာ၇င်းကောက်ဖို့မောင်အ ကို ၇ွာလူကြီးက တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မငး်က တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစာ၇င်းကောက်ဖို့ပါလို့ ပြော
အိမ်ထောင်၇ှိလား..ကလေး၇ော၇ှိလား..ယောက်ျားလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့၇ုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာတယ်..မောင်အ ပြောလိုက်တယ်..
`အိမ်ထောင်စု စာ၇င်းကောက်မလို့..မငး်ဒီအိမ်ကလား´
ကောင်မလေး ခေါငး်ညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်၇ှိလား´
`မ၇ှ်ိပါဘူး´
`ဒါဆိုကလေး၇ော..´
`ဖြန်း´
မောင်အကို ကောင်မလေးက ပါး၇ိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်အလဲ ၇ွာလူကြီးင်္ဆီပြန် လာပြီးပြောြ့ပတယ်..၇ွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မ၇ှိပါဘူးပြောတာ ကလေးက ဘယ်၇ှိမှာလဲ ..ဒီတခါ ကလေး၇ှိလား အ၇င်မေးကြားလား´
မောင်အ ပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်..
`အိမ်ထောင်စုစာ၇င်းကောက်မလို့ ..အဘွားဒီအိမ်က လား`
`အေး´
`အငး်..အဘွား ကလေး၇ှိလား..´
`အေး၇ှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်၇ော..?´
`ဖြန်း´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..



မ၇ှိလို့


တိုလီမိုလီ ပစ္စည်းလေးတွေ ၇ောင်းတဲ့ ဆိူင်တဆိုင်ကို လူတယောက်ဝင်လာပြီးမေးတယ်..
`တူ၇ှိလား´
`ဟင့်အင်း´
`သံ၇ော´
`ဟင့်အင်း´
`ဒါဆို လွှ´
`မ၇ှိဘူး´
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမ၇ှိဘူး´
`ဟင်..ဒါဆို ခင်ဗျားတို့ ဘာလို့ ဆိုင်ဖွင့်နေသေးလဲ´
ဆိုင်၇ှင်ပြန်ဖြေတယ်..
`ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့´


(just fun)
ဆေး၇ုံ တစ်ခုထဲကို လူနာတယောက်၇ောက်လာတယ်..သူနာပြုကမေးတယ်..
`ဘာလာလုပ်တာလဲ´
`ဆေးရုံ့တက်ချင်လို့ပါ´
`ဆေး ပါလား´
`မပါဘူးခင်ဗျ´
`ပတ်တီး၇ော´
`မပါဘူးခင်ဗျ´
`ဂွမ်း´
`မပါဘူးခင်ဗျ´
`ခွဲဖို့ စိတ်ဖို့ ကိ၇ိယာတန်ဆာပလာ..´
`ဘာမှမပါပါဘူးခင်ဗျ..´
သူနာပြုဒေါသထွက်ပြီး ပြန်မေးတယ်..
`ဘာမှမပါဘဲ ဆေး၇ုံကို ဘာလာလုပ်တာလဲ..´




တူးတီးတူတူးတူး


ချူချာလူမျိုုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်..ဟိုတယ် မှာတည်းတယ်..သူက receptionistကိုပြောတယ်..
`တူးတီးတူတူးတူး´
receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က မေးတယ်..
`ဘာအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´
စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်၇ောက်လာတယ်..မေးတယ်..ချူချာ ကလဲ ပြန်ပြောတယ်..
`တူးတီးတူတူးတူး´
ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး.. နောက်ဆုံးဟိုတယ် မန်နေဂျာ၇ောက်လာတယ်..မေးတယ်..
`ဘာများအလို၇ှိပါသလဲ လူကြီးမငး်ခင်ဗျာ´
ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ဝမ်းသာအား၇ ထပြောတယ်..
`အော်..သူကပြောတယ်...လက်ဖက်၇ည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ပေးပါတဲ့´



မှားသွားပြီ


စိတ္တဇ၇ောဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆ၇ာဝန်ခေါ်ပြတယ်..ဆ၇ာဝန်ကို သားဖြစ် သူက ပြောပြနေတယ်..
`ဆ၇ာ..ကျွန်တော် ညက ၇ှုးပေါက်ချင်လို့ အိမ်သာထဲသွားတယ် ဆ၇ာ..အိမ်သာတံခါးကို ဖွင့်လိုက်တော့
မီးက အလိုလိုလင်းသွားတယ်..တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်
သွားတယ်ဆ၇ာ.အဲဒါနဲ့ ကျွန်တော်လဲ ၇ှုးပေါက်ပြီးပြန်အိပ်နေလိုက်တယ်..´
အဖေဖြစ်သူက ထအော်တယ်..
`ဟာ..အဲဒါမှပြသနာပဲ..မိန်းမ၇ေ..မင့်သား ၇ေခဲသေတ္တာထဲ ၇ှုးပေါက်လိုက်ပြီ ထင်တယ်´




ဘာလို့စည်းကမ်းမ၇ှိတာလံဲ


ယောကျား်ဖြစ်သူက သိပ်စည်းကမ်းကြီးတော့ မိန်းမဖြစ်သူက သိပ်ကြောက်၇တယ်..တနေ့မှာ ယောက်ျားက
အလုပ်ကပြန်လာတော့ ၇ေခဲသေတ္တာတစ်လုံးဝယ်ပေးတယ်..၇ိို၇်ိုသေသေကိုင်
လို့ပြောတော့ မိန်းမက ဟုတ်ကဲ့ပါပေါ့..
နောက်နေ့ ယောက်ျားအလုပ်ကပြန်လာတော့ ယောက်ျားက ၇ေခဲသေတ္တာကို ဖွင့်တယ်..ဘာ
မပြောဘာမဆိုနဲ့ မိန်းမကိုပါး၇ိုက်လိုက်တယ်..မိန်းမက အံ့သြပြီးစဉ်းစားတယ်..
`အော်..သူကြိုက်တတ်တဲ့ ဝက်အူချောင်ေးတွထည့်မထားပေးလို့နေမယ်´
နောက်နေ့ ဝက်အူချောင်းတွေထည့်ထားပေးတယ်..ေ.ယကျာ်းကအလုပ်က ပြန်လာတော့ ၇ေခဲ သေတ္တာကိုဖွင့်တယ်..ပါး၇ိုက်လိုက်တယ်..မိန်းမကစဉ်းစားတယ်..
`အင်း..သူ့ကိုဘီယာဘူးတွေ ထည့်မထားပေးလို့ ထင်တယ်..´
နောက်နေ့ ထည့်ထားပေးလိုက်တယ်..ယောက်ျားက ပြန်လာတော့ ၇ေခဲသေတ္တာဖွင့်ပြီး ၇ိုက်ပြန်၇ော..မိန်းမက မေးတယ်..
`၇ှင်ဘာလို့ ကျွန်မကို ပြန်လာတိုင်း ပါးပဲ၇ိုက်နေ၇တာလဲံ´
ယောကျား်ကပြန်ပြောတယ်..
`ငါမငး်ကို ၇ေခဲသေတ္တာကို စည်းကမ်း၇ှိ၇ှိသုံးပါလို့ပြောထားတယ်မဟုတ်လား..ကြည့်စမ်း.. ငါပြန်လာတိုင်း ၇ေခဲသေတ္တာက မီးလင်းနေတယ်´


အေးလေ..အေးလေ..


တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိူက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကို ၇ှေ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမက်ိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား ကျွန်တော့်ကားပေါ်က ဆငး်၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´


Thursday, May 27, 2010

မိန်းမလှကျွန်း နှင့် သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး

မြန်မာနိုင်ငံတွင် ဧက အနည်းငယ်သာ ကျန်ရှိတော့သည့် ဒီရေတောများထဲတွင် အကြီးဆုံးလည်း ဖြစ်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် ဒီရေတော အမျိုးအစား ဖြစ်ပြီး ဧရိယာ စတုရန်းမိုင် ( ၅၂.၇၉ ) ကျယ်ဝန်းပါသည်။ ၁၉၈၆ ခုနှစ်တွင် ကြိုးဝိုင်း သစ်တော အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဒီရေရောက်ဒေသ တွေမှာပေါက်ရောက်ရှင် သန်နိုင်သော ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသော အပင်များ အများဆုံး ပေါက်ရောက်ပါသည်။


ဒီရေတော များသည် အကြောင်းအမျိုးအမျိုးနှင့် ဆက်တိုက် ပြုန်းတီးနေပြီး ကျွန်တော်တို့ နိုင်ငံတွင် တစ်နှစ်ကို ၅ ရာခိုင်နှုန်း ပြုန်းတီးလျက်ရှိသည်ဟု သိရပါသည်။ ဒီရေတောများ ပြုန်းတီးသည့် တန်ဖိုးကို ပြီးခဲ့သော နာဂစ် မုန်တိုင်းမှာ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပေသည်။ ဒီရေတော သည် ရေဒဏ် လေဒဏ် ကို အများကြီး အကာအကွယ် ပေးခဲ့သည့် အတွက် ဒီရေတော ရှိသော ဒေသများသည် မရှိသော ဒေသများထက် အသေအပျောက် အလွန်နည်းခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ဒီရေတော ပမာဏ လျော့နည်းလာခဲ့သောကြောင့် နာဂစ်မုန်တိုင်း ဒဏ်ကို အပြင်းအထန် ခံစားရပြီး လူအမြောက်အများ သေဆုံးရခြင်း ဖြစ်တယ် ဟု အက်ဖ်အေအို မှ သစ်တောရေးရာ ပညာရှင်တစ်ဦး က ဆိုပါသည်။




ပထဝီဆိုင်ရာ အခြေခံ အချက်အလက်များ

တည်နေရာ-မိန်းမလှကျွန်းသည်မြောက်လတ္တီကျု့ ၁၅ ဒီဂရီ ၅၂ မိနစ် နဲ့၊ အရှေ့လောင်ဂျီကျု့ ၉၇ ဒီဂရီ ၁၇ မိနစ် တို့ဆုံရာ၊ ဘိုကလေးမြစ်ဝနဲ့ ကဒုံကနိမြစ်၀ တို့အကြား၊ ရန်ကုန်မြို့မှ အနောက်တောင်ဘက် ခန့်မှန်း ကီလိုမီတာ (၁၃၀) အကွာမှာ တည်ရှိပါသည်။ ဘိုကလေး မြို့မှ ဆိုလျှင်တောင်ဘက် (၁၉) ကီလိုမီတာ (၁၂ မိုင်) အကွာ ဖြစ်ပါသည်။


ပင်လယ်ရေမျက်နှာပြင်မှအမြင့်-ကျွန်းရဲ့ဧရိယာ အများစုဟာ ပင်လယ် ရေမျက်နှာပြင်နဲ့ တပြေးတည်း ဖြစ်ပြီး အမြင့် ဆုံးနေရာဟာ ပင်လယ် ရေမျက်နှာပြင်ထက် (၂၅) မီတာ ခန့်သာ မြင့်ပါသည်။ ထို့ကြောင့်လည်း ၂၀၀၈ ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းကာလ မှာ ရိုက်ကူးခဲ့သော ဂြိုလ်တု ဓါတ်ပုံမှာ မိန်းမလှ ကျွန်းတစ်ခု လုံး ပင်လယ်အောက်ရောက်နေတာ တွေ့မြင်ရတာ ဖြစ်ပါသည်။


ရာသီဥတု-မုတ်သုံရာသီဥတု ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ မိုးရေချိန် (၂၇၇၇) မီလီလီတာ ရှိပါသည်။ မိုးရာသီသည် နှစ်စဉ် မေလ မှ အောက်တိုဘာလ အထိ တာရှည်လေ့ရှိသည်။


မိန်းမလှကျွန်း ဘေးမဲ့ သစ်တောကြိုးဝိုင်း

ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက် လျက်ရှိပြီး၊ ရှိပြီးသား သစ်တောကို ထိန်းသိမ်းခြင်း အပြင် ဒီရေတောအပင်များ ကို စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်း လည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် ဒရယ်၊ ဖျံ၊ လိပ်၊ တောဝက်၊ တောခွေး၊ မိချောင်း တို့ အပါအဝင် တိရစာ္ဆန် အမျိုးပေါင်းများစွာ ဘေးမဲ့ စောင့်ရှောက်ထားပါသည်။ ထူးခြားသောအချက် ကတော့ ရှားပါးသည့် ငှက်မျိုးစိတ်များ အပါအဝင်၊ ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့်ရှိသည့် အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်စိတ်ဝင်စားသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ရေဝက်နဲ့ ဧရာဝတီလင်းပိုင်များလည်းတခါတရံ လာရောက် ကျက်စားတာတွေ့ရသည်ဟု သိရှိရပါသည်။မြန်မာ့ ပုလဲနှင့် ငါးလုပ်ငန်းနှင့် သစ်တောရေးရာ ဦးစီး ဌာနတို့ ပူးပေါင်းပြီး သဘာဝ မိကျောင်း မွေးမြူထိန်းသိမ်း ရေး ကိုဆောင်ရွက်လျက်ရှိသည်။ သကေတ မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းသားပေါက်များကို မိန်းမလှ ကျွန်းတွင် သဘာဝအတိုင်း မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရပါသည်။ မိန်းမလှကျွန်းကို အခြေပြုပြီး မိချောင်းကောင်ရေ ၂၆၀၀ ခန့်နေထိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ဒါဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နေထိုင်ကျက်စားတဲ့ မိချောင်းအားလုံးရဲ့ သုံးပုံ နှစ်ပုံ ဖြစ်ပါသည်။ မိကျောင်းတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ အခြေခံစခန်းကို ထော်ပိုင်ချောင်းမှာ ထားရှိပြီး၊ ကျွန်းပတ်လည်မှာ ကင်းစခန်း ၉ ခု နဲ့ စောင့်ကြပ်လျက်ရှိသည်။ ကျွန်းပေါ်မှာရှိသော တောရိုင်းတိရစာ္ဆန်နဲ့ မိကျောင်းတွေသာ မက၊ ကျွန်းပေါ်နဲ့ ကျွန်းအနီးသတ်မှတ် နေရာတွေမှာပါ ငါး၊ ပုဇွန်ဖမ်းဆီးခွင့်၊ မွေးမြူခွင့် အားလုံး ဥပဒေ အရတားမြစ်ထားပါသည်။





သမိုင်းနှင့် ဆက်နွယ်ရာ ဒဏ္ဍာရီ ပုံပြင်များ

သမိုင်းကြောင်း အနေနဲ့ ကျွန်းပေါ်လာတဲ့ သက်တမ်း သည် မကြာမြင့်လှသေးဟု ယူဆ စရာရှိပြီး၊ အစောဆုံး အနေနဲ့ (၁၈) ရာစု ခန့်မှာဖြစ်ပျက်ခဲ့သည့် မှတ်တမ်းအချို့သာ ရှိပါသည်။ ရှေးမြန်မာ ရာဇဝင်များ နဲ့ မွန်ရာဇဝင်များ တွင် လည်း ကျွန်းအကြောင်း ဖေါ်ပြထားခြင်း မတွေ့ရှိရပေ။ ခရစ်နှစ် (၁၇၅၉) ခန့်မှာ အလောင်းမင်းတရားကြီး အောက်မြန်မာ နိုင်ငံကို သိမ်းသွင်းစဉ် သြဇာ မခံယူလိုတဲ့ ကျုံ့တုံးမြို့မှ မွန်မြို့စားကြီး ဗညားဇေယျ နှင့် သူ့နောက်လိုက် နောက်ပါများ ပင်လယ်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် မိန်းမလှ ကျွန်းတွင် ကာလ တစ်ခုအထိ စခန်းချ နေထိုင်ခဲ့ကြသည် ဟိုု့ သိရပါသည်။ မြို့စားကြီးတို့ စီးနင်းလာတဲ့ လှေကြီးရဲ့ ဦးပိုင်းကတော့ ထော်ပိုင်ချောင်း အနီးမှာ ယနေ့ တိုင်ရှိသေးသည်ဟု ဒေသခံများကဆိုပါသည်။

ဆက်နွယ်ရာ ဒဏ္ဍာရီများ အရ ဒီဒေသသည် နတ်ကိုးကွယ် ယုံကြည်မှုမှာ ထင်ရှားသည့် နတ်တစ်ပါး ဖြစ်သည့်ရေငံပိုင် ဦးရှင်ကြီး ရဲ့ ဇာတိလည်းဖြစ်ပါသည်။ ဦးရှင်ကြီး ယနေ့တိုင် နေထိုင်လျက်ရှိသည် လို့ ဒေသခံတွေ ယုံကြည်ကြတဲ့ ကျွန်းညိုကြီးကျွန်းဟာ မိန်းမလှ ကျွန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါသည်။ မည်သို့ပင်ဆိုစေ ဒေသခံများသည် အစွဲအလန်း အလွန်ကြီးမားပြီး ကျွန်းဟာ အင်မတန် နတ်ကြီးသည့် နေရာဟု ယုံကြည်ကြသည်။ (အလွန်အမင်း ထုတ်ယူအသုံးပြုခြင်းဒဏ် ခံရမှု အနည်းဆုံး ဒီရေတော များထဲတွင် မိန်းမလှကျွန်းပါဝင်နေတာဟာ ဒီအချက် ကလည်း အထောက် အကူ ပြုတာ ဖြစ်နိုင်ပါသည်)။ ကျွန်းအနီးမှာ အပြောအဆိုက အစ အမှား မရှိရဘူး၊ အထူးသဖြင့် မိချောင်းတွေကို ရန်မရှာရဘူး၊ ဒီဒေသက မိချောင်းတွေ အားလုံးဟာ ရေငံပိုင်ဦးရှင်ကြီး ရဲ့ အစောင့်အရှောက်များ ဖြစ်သည်လို့ ဒေသခံများကဆိုပါသည်။ တစ်ခုခု အမှားအယွင်းရှိခဲ့ရင် ဦးရှင်ကြီးက မိချောင်းနဲ့ တိုက်လိမ့်မယ်ဟု လည်းယုံကြည်ကြသည်။

များမကြာမီနှစ်များ အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ နိုင်ငံခြားသား ပညာရှင် တစ်ယောက်ဟာ မိချောင်းတွေကို ဓါတ်ပုံရိုက်ဖို့ အတွက် သစ်တောဌာနမှ တာဝန်ရှိသူတွေ လိုက်ပါပြီး မိန်းမလှကျွန်းကို လာတဲ့ အခါမှာ မိချောင်းတစ်ကောင်တစ်လေ မှတောင် မတွေ့ရပေ။ ဒီတော့မှ ဒေသခံ တွေရဲ့ အကြံပေးချက် အရ မော်တော်ဦးမှာတင် ကန်တော့ပွဲပေးပြီး ဦးရှင်ကြီးကို ကန်တော့ တဲ့ အခါမှာမှ မိချောင်းတွေ အများကြီး ပုံစံအမျိုးမျိုးနဲ့ ပေါ်လာသည် လို့ဆိုပါသည်။ ( ဒေသ အလိုက် ဓလေ့ထုံးစံတွေ ဟာ မယုံကြည် လျှင်တောင်မှ ပစ်ပယ်လို့ မရနိုင်ဘူး ဆိုသည့် အချက်ဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်)။


သဘာဝပါတ်ဝန်းကျင် ပြုန်းတီးမှုများ

လယ်ယာမြေ တိုးချဲ့လာမှု၊ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းတွေ တိုးချဲ့လာမှု၊ လောင်စာအတွက် ဒီရေတော တွေကို အလွန်အမင်း ထုတ်ယူမှု၊ ဒေသခံများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ နည်းပါးမှုတွေ ကြောင့် မိန်းမလှကျွန်း အပါ အဝင် ဒီရေတော များ တစစ ပြုန်းတီးလာခဲ့ ရသည်။ ဒီရေတောတွေဟာ လယ်မြေတွေ ဖြစ်ကုန်၊ ထင်းနဲ့ မီးသွေး အတွက် ဒီရေတောတွေ ကို မတရား ခုတ်ခဲ့ကြတာကြောင့် အခု ဒေသခံ လုထု အတွက်တောင် သုံးစရာ လောင်စာ အခက်အခဲ ဖြစ်နေပါပြီ။ ဒီရေတွေကို အခုမှ ပြန်လည် ပျိုးထောင်ဆဲ ဖြစ်ပြီး၊ ဒီရေတောတွေ နဲ့ အတူ ကျေးရွာ အလိုက် တနိုင်တပိုင် ထင်းစိုက်ခင်းတွေ ကိုလည်း စိုက်ပျိုးစေပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ ပေးတာတွေလည်း သစ်တောရေးရာဦးစီးဌာနနှင့် UNDP တို့မှ ဦးဆောင်ပြုလုပ်နေပါသည်။


လွန်ခဲ့သည် ဆယ်စုနှစ် တခုကျော်လောက် အထိ အလွန် နာမည်ကြီးခဲ့သည့် “ဘိုကလေး မီးသွေး” ကလည်း ဒီရေတောများကို အဓိက ပြုန်းတီးစေခဲ့တဲ့ အကြောင်းရင်း

တစ်ခုဖြစ်ပါသည်။ ဒီရေတောပင်များသည် မီးသွေးဖုတ်၍ အင်မတန်မှကောင်းပါသည်။ ဘိုကလေး မြို့နယ် အတွင်းမှာ ဒီရေတော တွေ အများကြီးပေါက်ရောက် ခဲ့သော ကြောင့် မီးသွေး အများအပြား ထုတ်လုပ်နိုင်ခဲ့ပြီး ဘိုကလေး မီးသွေး သည်လည်း နာမည်ကျော်ခဲ့ ပါသည်။ သို့သော် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်းမှာတော့ ဘိုကလေး မီးသွေးဆို မမြင်ရလောက်အောင် ရှားသွားပါပြီ။ ထိုသို့ရှားသွားရခြင်းမှာ ဥပဒေကြောင်း အရ တားမြစ်ထား၍ ဖြစ်သလို၊ ဘိုကလေး မြို့နယ် အတွင်းမှာ မိန်းမလှကျွန်းကဲသို့ ထိန်းသိမ်းထားသော သစ်တောမှလွဲလို့ တခြားခုတ်စရာ ဒီရေတော မရှိတော့တာကြောင့်လည်း ဖြစ်ပါသည်။


ဘေးမဲ့တော ထဲတွင် မွေးရန် ဒရယ်ကြီးတကောင်ကို သစ်တောဌာနက ခေါ်လာပြီးတော့ ကျွန်းပေါ်မှာ ထားသည့် အခါမှာ ရွာသားတွေက တကယ့် တောတွင်းက ဒရယ်အစစ်ထင်၊ ဥပဒေ အရ ကျွန်းပေါ်မှာ အမဲလိုက်ခွင့် မရှိတာလည်း နားမလည်ဆိုတော့ ဒရယ်ကို သတ်စားလိုက်ကြဖူးတယ်ဟု သစ်တောရေးရာ ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။ သစ်တောဌာနက ဒရယ်ကြီးပျောက်လို့ လိုက်ရှာအခါမှာ၊ ရွာသားတွေကလည်း စေတနာကောင်းကောင်း နဲ့ ဒီနေ့ ဒရယ်သား ရလို့ ချက်ထားပါတယ်၊ ဆရာတို့ ဝင်စားသွားပါဆိုပြီး ဖိတ်ခေါ်တော့ မှ ဒရယ် အမှုပေါ်ပြီး သက်ဆိုင်ရာရွာသားတွေ အရေးယူခံရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ဖူးတယ်လို့ သိခဲ့ရပါသည်။

တကယ်တမ်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆိုသည်မှာ ဒေသခံများ ကိုယ်တိုင်က တကယ် သဘောပေါက်ပြီး လိုက်ပါ လုပ်ဆောင်ကြမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါသည်။ ဒေသခံတွေကို တကယ် သဘောပေါက်အောင် ပညာပေးနိုင်ဖို့က သူတို့တွေရဲ့ ကြုံတွေ နေရသည့် အခက်အခဲတွေ အားလုံးကိုလည်း နားလည်ဖို့လိုပါသည်။ သူတို့ရဲ့ အခက်အခဲတွေ ကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ချမှတ်နိုင်မှ သာလျှင် သူတို့ကို နားလည်မှုရှိစွာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးနိုင်မှာ ဖြစ်ပါသည်။




နာဂစ်အလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ


၂၀၀၈ ခုနှစ်မေလ မှာ တိုက်ခိုက်ခဲ့သော့ နာဂစ်မုန်တိုင်းမှာ မိန်းမလှကျွန်းက ဒီရေတောတွေဟာ ပတ်ဝန်းကျင်ကို အထိုက်အလျောက် အကာအကွယ် ပေးနိုင်ခဲ့သည်၊ သို့သော် ကျွန်းမှာ ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ များစွာ ထိခိုက် ပျက်ဆီးခဲ့သည်။ သဘာ၀ ပတ်ဝန်းကျင် အပြောင်းအလဲ တွေ ဖြစ်ပေါ်လာပြီး နေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေ အပေါ်မှာ များစွာ သက်ရောက်မှုတွေ ရှိပါသည်။ မိန်းမလှကျွန်းပြန်လည် ထူထောင်ရေးဟာ အထူးတလည် လိုအပ်တဲ့ ကိစ္စရပ် တစ်ခုဖြစသည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းသဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ် ဆောင်နေကြပါသည်။ သို့သော် အခက်အခဲ တွေ များစွာရှိနေဆဲ ပဲဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် အတွင်း သုတေသန ပြုချက်တွေ အရ မိန်းမလှကျွန်းမှာ ငှက်မျိုးစိတ် (၉) မျိုးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များ အသင်းမှ ပြောကြားခဲ့ပါတယ်။ သက်ရှိမျိုးစိတ်များ ထ်ိန်းသိမ်း စောင့်ရှောက်ရေး။ ဒီရေတောများ ပြန်လည် ပျိုးထောင် စိုက်ပျိုးရေး၊ ဒေသခံများအား သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးမှုများ အပြင် ထင်းအစားထိုး သဘာ၀ လောင်စာ ထုတ်လုပ်ရေးတို့ကို သမဝါယမ အသင်းအချို့ကပါ ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နေကြပါပြီ။




လက်ရှိ အခြေအနေ

ကျွန်တော်တို့ နိုင်ငံမှာ ၁၉၂၄ ခုနှစ်က ဧရာဝတီတိုင်း အတွင်း ဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀၀၀၀ ကျော်သာကျန်ရှိတော့ သောကြောင့် (၇၇) နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ (၅၅) ရာခိုင်နှုန်းဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများ အရ သိရပါသည်။ ဥတုရာသီ တောကို မှီ ဆိုတဲ့ စကားဟာ အစဉ်အမြဲ မှန်ကန် ခဲ့ သလို သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း တို့နဲ့ အတူ ဧရာဝတီတိုင်း အတွက် ဒီရေတောတွေရဲ့ အခန်း ကဏ္ဍဟာ ပိုလို့ အရေးပါလာနေပါသည်။ ဒီရေတော တွေကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့လိုသည်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို စိမ်းလန်းတဲ့ သစ်တောတွေ နဲ့ အတူ ဒီရေတော တွေကို ချစ်တတ်၊ ထိန်းသိမ်းတတ်တဲ့ စိတ်ဓါတ်တွေကို အမွေပေး ကြရမည်ဖြစ်သည်။ ဧရာဝတီ လင်းပိုင်များ အပါအဝင် ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရယ်နဲ့ ကြုံတွေ့ နေရသည့် သက်ရှိမျိုး စိတ်များ ဟာ ကျွန်းကို အမှီပြုပြီး ရှင်သန်နေကြရသည်။ သုံးကောင်ပဲ ကျန်ရှိတော့သည့် ဒီရေတောဆင် တွေဟာလည်း မိန်းမလှကျွန်းနဲ့ ပြင်ဒရယ် ကြိုးဝိုင်း အနီးမှာ ကျက်စားကြသည်လို့ သိရသည်။ (ဒီဆင်သုံးကောင် လုံးက အထီးတွေ ဖြစ်တဲ့ အတွက် ဒီရေတော ဆင်တွေဟာတော့ မျိုးတုန်းပျောက်ကွယ် ဖို့ သေချာသွားပါပြီ)။

ကျွန်းပေါ်မှာ ဌာနဆိုင်ရာ ကင်းစခန်းတွေက လွဲလို့ မည်သူမျှ အခြေချ နေထိုင်ခွင့် မရှိပါ။ သို့သော်လက်ရှိမှာ ကျွန်းပေါ်က ချောင်းများထဲမှာ ငါးခိုးဖမ်းတာတွေ ရှိနေသလို၊ ကျွန်းပေါ်မှာလည်း ထင်းခိုးခုတ်နေသည့် အနေအထားတွေ ရှိနေဆဲဖြစ်သည်။ ဥပဒေကြောင်း အရ တင်းကျပ်ထားပြီး ဖမ်းဆီး အရေးယူနေတာတွေ လုပ်နေသော်လည်းပဲ၊ ဒေသခံလူထုရဲ့ တကယ်နားလည် မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရာရှိမှာ သာလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဟာ ရာနှုန်းပြည့် အောင်မြင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမွန်တဲ့ ဂေဟစနစ် တစ်ခုကို ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ ဒီရေတောများကို ချစ်စို့၊ ထိန်းသိမ်း ကြပါစို့လို့ တိုက်တွန်း လိုက်ပါရစေ။

Sunday, May 23, 2010

ရွှံ့ရေနောက်


ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg)
“ကောင်းကင်ဘုံ၏ ရယ်ပွဲဖွဲ့မှု” (Divine Comedy) ဟူသည့် ကဗျာ ရှည်ကြီးတွင် ဒန်တေ အလီဂီရီ (Dante Alighieri) က ရှေ့ဖြစ်ဟော ဆရာများကို ငရဲ၏ အနိမ့်ဆုံး အဆင့်များတွင်သာ နေရာပေး၍ ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အရေးပါဆုံး ဖြစ်ရပ် ဖြစ်လာမည့် စစ်အစိုးရက စီစဉ်ထားသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် နိမိတ်ဖတ်မှုကြောင့် နောက်လာမည့်ဘဝတွင် တဖန် ပြန်ဝင်စားရမည့် အရေး အတွက် စွန့်စားရန် မလိုသဖြင့် ကံကောင်းသေးသည်ဟု ဆိုရမည်။ ယခုတိုင် ရက်သတ်မှတ်ရခြင်း မရှိသေးသည့် ရွေးကောက်ပွဲမှ မည်သည့်ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ၊ အကြွင်းမဲ့အာဏာသည် စစ်တပ်လက်ထဲတွင် ကျန်ရှိနေဦးမည်သာ ဖြစ်သည်။ စစ်တပ်က သဘောတူညီမှု မပါဘဲနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်စရာ အကြောင်းလည်း မရှိပေ။

ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (ဓာတ်ပုံ - ဧရာဝတီ)
ပါမောက္ခ ဒေးဗစ် အိုင် စတိန်းဘာ့ဂ်

စစ်တပ် အာဏာပိုင်များ တစိတ် တပိုင်းက ယူနီဖောင်း ဝတ်လျက် ဆက်လက် ပါဝင်နေကြမည်။ အရာရှိ အများအပြားက အနားယူကြပြီး ရဲတပ်ဖွဲ့များ အသွင် အရပ်ဝတ် အရပ်စားဖြင့် လာကြမည်။ အများစုက ရွေးချယ် တင်မြှောက် ခံကြရမည်။ လွှတ်တော် အတွင်း အတိုက်အခံတို့၏ အသံကိုတော့ ကြားနိုင် ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အတိုက်အခံ တို့သည် အဓိက နိုင်ငံ့ရေးရာများကို ဆောင်ရွက်ရန် အကန့် အသတ်များဖြင့် ကြုံရဖွယ် ရှိသည်။ အရေးပါသည့် နိုင်ငံ၏ ပြဿနာများကိုမူ စိန်ခေါ် ပြောင်းလဲ စေမည် မဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြိုတင် ပြောထား သကဲ့သို့ပင် သူတိုက်တွန်းနေသည့် "စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်" သည် အခုရေတွင်းတူး၊ အခု ရေကြည် သောက်နိုင်စရာ အကြောင်း မရှိပါ။ ရေတွင်းသစ်က ရွှံ့့ရေနောက်များသာ ထွက်ပေါ်လာမည် ဖြစ်သည်။ စစ်တပ်က တခါတရံ ရေစစ်သဖွယ် ဖြစ်လာပေမည်။

သေချာသည်မှာ နိုင်ငံလူဦးရေ၏ သုံးပုံတပုံမျှရှိသည့် လူနည်းစု တိုင်းရင်းသားများသည် ယခု ရွေးကောက်ပွဲအပေါ် ကျေနပ်ကြလိမ့်မည် မဟုတ်ချေ။ ဤရွေးကောက်ပွဲဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို တရားဝင် အသက်သွင်းမည် ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများအတွင်း တချို့သော အင်အားစုများက ပို၍ အခွင့်အရေး ရှိနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တစုံတရာသော "ဖက်ဒရယ်" ပုံစံမျိုးကို တောင်းဆိုနေကြသည်။ ဤဝေါဟာရများနှင့် အယူအဆများကို စစ်ခေါင်းဆောင် အဆက်ဆက်က ရွံမုန်းဖွယ်ရာ မကောင်းဆိုးဝါးကိစ္စများ အဖြစ် မျိုးဆက်နှစ်ခုကြာ မြင်ထားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်က ဒေသဆိုင်ရာ ယဉ်ကျေးမှုများကို ကာကွယ်ပေးရေးအတွက် ပြဌာန်းထားသော်လည်း၊ အပြောနှင့် အလုပ် လက်တွေ့ညီရန် ခက်ပါသေးသည်။ အချို့သော အုပ်စုငယ်များက ဒေသဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ပို၍ အရည်အသွေး ရှိနိုင်ပါသည်။ သို့သော်လည်း နိုင်ငံတော်အဆင့်အာဏာအတွက် ငြင်းပယ်ခံရမည် ဖြစ်သည်။

၂၀၁၀ အကုန်တွင် ယခု ဖြစ်ရပ်များအတွက် သဘောထား တုံ့ပြန်မှု အမျိုးမျိုး ကွဲပြားနေမည်ကတော့ ဗေဒင်မေးနေစရာ မလိုအပ်ပါ။ အစိုးရက သူ၏ လုပ်ငန်းစဉ်များ အောင်မြင်ပြီဟု ကြေညာပြီး၊ ပြည်သူ အများစုက သူတို့၏ အသံကို အစိုးရအဖွဲ့အတွင်း ခပ်တိုးတိုး ကြားနိုင်ပြီဟု ခံစားကြရပါလိမ့်မည်။ ကျန်သူများကတော့ ယခုရလဒ်သည် သူတို့ မျှော်လင့်ထားသည်ထက်၊ လိုအပ်သည့် အတိုင်းအတာထက် လျော့နည်းနေသည်ဟု စောဒက တက်ကြပါလိမ့်မည်။ "တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရန်" ဟု တောင်းဆိုနေကြသည့် နိုင်ငံခြားသားများကလည်း သူတို့လိုလားချက်များကို အတိအကျ သတ်မှတ် ဖော်ပြမထားကြပါ။ သို့အတွက်ကြောင့် အချို့သော ပြည်နယ်များ၊ အချို့သော အဖွဲ့အစည်းဆိုင်ရာ ကိစ္စများတွင် မကျေနပ်မှုများ ရှိလိမ့်မည်။ အချို့ကလည်း အောင့်သက်သက်ဖြင့် လက်ခံကြမည် ဖြစ်သည်။

ဗေဒင်ဆရာ လိုအပ်သည့်ကိစ္စ တခုသာ ရှိပါသည်။ ဤသည်မှာ ရွေးကောက်ပွဲ ကျင်းပရန် နေ့ကောင်းရက်ကောင်း ရွေးချယ်ရန်သာ ဖြစ်ပါတော့သည်။

ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I. Steinberg) ရေးသားသည့် Muddy Waters ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော

ရှောင် တာနဲ (SEAN TURNELL)

မြန်မာ့စီးပွားရေး မည်သို့ ဖြစ်မည်ကို နိမိတ်ဖတ်ရသည်မှာ အန္တရာယ်များသော အလုပ် ဖြစ်သည်။ ဤလုပ်ငန်းကို ၂ ပိုင်း ခွဲလိုက်မည် ဆိုလျှင်တော့ အန္တရာယ် နည်းသွားဖွယ် ရှိသည်။ တပိုင်းက ယခုနှစ်တွင် မည်သို့ ဖြစ်မည်ဟု မိမိတို့ မျှော်လင့်ချက်ကို မှန်းဆခြင်း ဖြစ်ပြီး၊ အခြား တပိုင်းမှာ စိတ်ရှုပ်ထွေးဖွယ် အတွေ့အကြုံ များအရ မည်သို့ ဖြစ်ပျက်ခြိမ့်မည်ဟု ပြောရခြင်း ဖြစ်သည်။


သို့သော်လည်း မျှော်လင့် ထားသည့်အတိုင်း ပြောရလျှင်ဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကိစ္စများစွာသည် ရွေးကောက်ပွဲအပေါ် မူတည်နေသည်။ အခြေ အနေအရ အဆိုးထဲမှ အကောင်းကို ရွေးပြောရမည် ဆိုလျှင် မြန်မာနိုင်ငံအတွက် အစိုးရအသစ် ရှိလာလိမ့်မည်။ ဤအစိုးရက မြန်မာ ပြည်သူများအတွက် စီးပွားရေးအရ လုံခြုံမှုကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည် ဆိုပါက မြန်မာ နိုင်ငံ၏ ကံကြမ္မာကို လှည့်ပြောင်းစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည် ဖြစ်သည်။


သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဝင်ငွေကို အရင်းအနှီး အထူး လိုအပ်နေသည့် ကျေးလက် စီးပွားရေးကဏ္ဍ အတွက် ဖြည့်သွင်းခြင်းဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရက စတင်နိုင်ပါသည်။ အစိုးရက တပ်မတော် နှင့် လုံခြုံရေး ယန္တရားများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်သည်။ တိုင်းပြည်၏ စုဆောင်းထားငွေကို အသုံးချ၍ ကျန်းမာ ရေး၊ ပညာရေးနှင့် အရေးပါလှသည့် အခြေခံ အဆောက်အဦ လမ်းပန်းကဏ္ဍများတွင် အသုံးစရိတ်ကို မြှင့်တင်ရပါလိမ့် မည်။


ဤလုပ်ဆောင်ချက်များ၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် အခွင့်အရေးများကို လေးစား အသိအမှတ်ပြုခြင်း၊ မြန်မာနိုင်ငံတွင် ဥပဒေ နည်းကျ အုပ်ချုပ်ရေး တည်စေခြင်း အစရှိသကဲ့သို့သော အခြား လုပ်ဆောင်ချက်များနှင့် ကတိကဝတ် ပြုမှုများဖြင့် အစိုးရသစ်က ယုံကြည်မှု တိုးတက်လာစေရန် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ခိုင်မာစေ ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ဟူသော တိုင်းရင်းသား လူနည်းစုတို့၏ စိုးရိမ်နေမှုကို လျော့ကျစေခြင်းတို့ဖြင့် ဘေးထွက် အကျိုး အာနိသင်များကိုလည်း ကြုံတွေ့ ခံစားရဖွယ် ရှိပါသေးသည်။


ဤဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက နှစ်ထောင်းအားရဖြစ်ပြီး၊ မြန်မာပြည်သစ်ကို ကြိုဆိုရန် စိတ်အားထက်သန်ကာ နိုင်ငံအတွင်း ရင်းနှီးမှုများ တိုး၍ ပြုလာကြမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ သဘာ၀ သယံဇာတများကို ရယူလိုကြပြီး ဈေးချိုနေသေးသည့် မြန်မာနိုင်ငံ၏ လုပ်အားကို အကျိုးရှိစွာ အသုံးချလိုကြသည်။ ထိုမျှမက ရေရှည်တွင် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အလား အလာ ကောင်းများကိုလည်း မြင်တွေ့ထားကြသေးသည်။


သို့သော်လည်း ယခုပြောသည့်ကိစ္စများ တခုမျှ မဖြစ်လာပါက ယခုနှစ် မြန်မာ့စီးပွားရေး အခြေအနေက မည်သည့်နေရာသို့ ဦးတည်နေပါသနည်း။ အဖြေက ဝမ်းမြောက်စရာ မရှိလှပါ။ အနည်းနှင့်အများဆိုသလို လက်ရှိ လွန်ခဲ့သည့် နှစ် ၅၀ ကာလ ဖြတ်ခဲ့သည့်အတိုင်း ဆက်၍ထိုးကျသွားမည့်ကိန်းကို မြင်တွေ့နေရသည်။


အထက်က ဖော်ပြထားသည့် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဘဏ္ဍာဝင်ငွေကို နိုင်ငံ၏ ထုတ်ကုန် တန်ဖိုး (GDP) စွမ်းဆောင်မှုတွင် အကြီးအကျယ် လိမ်ညာ ဖော်ပြနေပါက၊ အခြေအနေကို လှည့်ဖျား သုံးသပ်နေပါက နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဒုတိကမ္ဘာစစ်ပြီးချိန်မှစ၍ အဆိုးရွားဆုံး အခြေအနေသို့ ကျသွားဖွယ်ရာ အကြောင်း ရှိနေသည်။ နိုင်ငံတော်ကို ကာကွယ်နေကြသူများ၊ အချုပ်အခြာအာဏာကို ခုခံကာကွယ်နေကြသူ များဟု ဂုဏ်ယူဝင့်ကြွားနေကြစေကာမူ မြန်မာစစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် ရေရှည်စီးပွားရေး မြော်မြင်ချက်မှာမူ တိုင်းပြည်ကို သတ္တုမိုင်းတွင်းကြီး၊ သဘာဝဓာတ်ငွေ့သိုက်ကြီး တခုမျှထက် မပိုကြောင်း ပြသနေပြီး ဤအတိုင်းလည်း ဆက်လက်ဖြစ်နေရန် ရှိသည်။


ဤသဘောထားဖြင့် လောင်စာစွမ်းအင် ဆာလောင်မွတ်သိပ်နေကြသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ လက်သို့ ဤ အရင်းအမြစ်များ ခေါင်းပုံဖြတ်ရန် ထိုးအပ်နေကြမည်ဆိုလျှင်ဖြင့်၊ မြန်မာနိုင်ငံ၏ ၂၀၁၀ သည် ကမ္ဘာကြီး၏ မိုးသက် မုန်တိုင်း ထန်နေသော ပင်လယ်သဖွယ် ဖြစ်နေသည့် လူသုံးကုန် ဈေးကွက်အတွင်း ပဲ့မပါ၊ ဦးတည်ချက်မရှိ၊ မြင့်ချီနိမ့်ချီ ခုန်ပေါက် လွင့်မျောနေရတော့မည် ဖြစ်သည်။ လိုရာပန်းတိုင်ကိုလည်း လှမ်းနိုင်ရန် အလျဉ်း မရှိပါချေ။

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။


ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010

သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ဝါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖဝါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်န်ိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။


(သူငယ်ချင်း တယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်)

ဆရာကြီး မင်းသုဝဏ်၏ စာပေဝေဖန်ရေး နည်းနာများ

ငြိမ်းဝေ
(ဆရာကြီးမင်းသုဝဏ် အသက် ၁၀၀ ပြည့် အမှတ်တရ ဂုဏ်ပြုဆောင်းပါး)

(က)

ခေတ်စမ်းစာဆိုကြီး “မင်းသုဝဏ်”ကို ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ဘာသာဗေဒ ဆရာတဦးအနေ နှင့် ကျနော်သိပါသည်။ သို့သော် စာပေဝေဖန်ရေးဆရာတဦးအနေနှင့် မူကျနော်မသိ။

[မင်းသုဝဏ်၏ “မြန်မာ စာအုပ် ဝေဖန်ချက်များ” စာအုပ်]

မင်းသုဝဏ်၏ “မြန်မာ စာအုပ် ဝေဖန်ချက်များ” စာအုပ်
၂၀၀၉ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ကျရောက်မည့် ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ ရာပြည့် အထိမ်း အမှတ် ဂုဏ်ပြုဆောင်းပါးတပုဒ်ရေးရန်စဉ်းစားသောအခါ ကိုယ်ဖတ်ပြီးခဲ့သမျှ ဆရာကြီး၏စာအုပ်များကို ပြန် ပြီး စဉ်းစားရပါသည်။ ပြီးတော့ကိုယ် မဖတ်ရသေးသည့် ဆရာကြီး၏စာအုပ်များကိုလည်း လက်လှမ်းမီရာ ရှာဖွေပြီး ဖတ်ရပါသည်။ ထိုအခါ ဆရာကြီးမင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ကို ကျနော် တွေ့ရ ဖတ်ရ၏။ ထိုအခါကြမှသာ ဆရာကြီး မင်းသုဝဏ်မှာ စာပေဝေဖန်ရေးဆရာ တဦးလည်းဖြစ်သည်ကို ကျနော်သိရ၏။ ကျေနပ်ဂုဏ်ယူမိပါသည်။

အမှန်တကယ်အားဖြင့်ဆိုလျင် ဆရာကြီး မင်းသုဝဏ်၏ မွေးနေ့ရာပြည့်ဂုဏ်ပြု ဆောင်းပါးရေးရန် ရေးစရာ အကြောင်းအရာများ တပုံတပင်ကြီးရှိပါသည်။ သို့သော် ကျနော်က တခါတရံ စာအုပ်ဝေဖန်ရေး ဆောင်းပါး များရေးရန် စိတ်အားထက်သန်သူဖြစ်သဖြင့် ဆရာကြီး၏ စာအုပ်ဝေဖန်ရေးစာအုပ်ကိုတွေ့သည် ဆိုလျင်ပဲ၊ ဤစာအုပ်ကိုပင် ဝေဖန်စာရေးပြီး ဆရာကြီးအားဂုဏ်ပြုပူဇော်ရန် ဆုံးဖြတ်ခဲ့ရ၏။

ကျနော်က စာအုပ်ဝေဖန်ချက်များရေးလျင် “ဖတ်ညွှန်းလည်း မက၊ ဝေဖန်ရေးလည်းမကျ”သည့်နည်းကို နှစ် သက်ပါသည်။ သို့မှသာကိုယ့်ဝန်ကိုယ့်အားနှင့်လည်းမျှပြီး မူရင်းစာအုပ်၏ အာဘော်ကိုလည်းမထိခိုက်စေဘူး ဟုယူဆမိ၏။ စာအုပ်များကိုဖတ်ကာ တခြားစာဖတ်သူများကို ဗဟုသုတနှင့်ရသ တဆင့်မျှဝေလိုသည့် ဆန္ဒ၊ စာအုပ်အပေါ်မိမိ၏ ပုဂ္ဂလိကအမြင်အယူအဆကိုလည်းတင်ပြလိုသည့်ဆန္ဒရှိသည့်အတွက် စာအုပ် ဝေဖန် ရေးများကိုရေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာများကို စိတ်ဝင် စားမိ၏။

သည်နေရာတွင် စာအုပ်ဝေဖန်ရေးဆရာတချို့မှာ၊ မိမိကျွမ်းဝင်နှံ့စပ်ရာနယ်ပယ်ကို အခြေခံသည့် စာအုပ်များ ကိုသာ ဇောင်းပေးပြီးရွေးချယ်ရေးသားကြသည်ကိုတွေ့ဖူး၏။ ဆရာကြီး မင်းသုဝဏ်သည် မည်သည့် စာအုပ် များကိုရွေးချယ် ဝေဖန်ခဲ့သနည်း။ ဆရာကြီးမင်းသုဝဏ်၏ စာအုပ်ဝေဖန်ရေးနည်းနာမှာ အဘယ်နည်း။ ကျနော်တို့ အလေးအနက်ထားလေ့လာရန် လိုအပ်ပါလိမ့်မည်။

(ခ)

ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်ဆောင်းပါးစဉ်(၁)မှာ “လွတ်လပ်ရေး၏ ရဲဘော်”ဖြစ်၏။ ဤခေါင်းစဉ်၏အောက်ကဆောင်းပါးကိုဖတ်တော့ ဆောင်းပါးအစမှအဆုံး နိုင်ငံရေး စကား လုံးနှင့်နိုင်ငံရေးကိစ္စတခုမျှမတွေ့ရ။ ဆရာကြီးက ဤဆောင်းပါးတွင်“သိပ္ပံမောင်၀”၏ “ခေတ်စမ်းစာပေ အထွေထွေ” စာအုပ်ကို ဝေဖန်ထားခြင်းဖြစ်၏။ ၁၉၃၀ ခုနှစ်ဝန်းကျင် မြန်မာပညာတတ်လူငယ်တစုနှင့် ရန်ကုန်တက္ကသိုလ်အတွင်း အပြင်စာပေပညာရှင်များ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမူများကို ဖေါ်ပြ ထားသည့် စာအုပ်ဖြစ်၏။ ထို့ကြောင့်ဆရာကြီး မင်းသုဝဏ်၏ ဝေဖန်စာထဲတွင် စာပေကိစ္စမှအပ တခြားနိုင်ငံ ရေးကိစ္စများလုံးဝမပါပါ။ သို့သော် စာဖတ်သူက အလိုလိုမပြောဘဲနှင့်သိလာရသည့်အချက်မှာ ကိုလိုနီခေတ် နှောင်းပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲစဉ်ကြီးတခုလုံး၏ အခက်အလက်တခုမှာ မြန်မာစာပေ လွတ်လပ် စွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် စာပေဆောင်းပါး သက်သက်ဖြစ်သည့်တိုင် ဆရာကြီး မင်းသုဝဏ်က နိုင်ငံရေးခေါင်းစဉ်တခုကို ကောက်ပြီးတပ်ခဲ့၏။

စာအုပ်ဝေဖန်ရေးဆောင်းပါးရေးရန်စိတ်ထက်သန်နေခဲ့သည့် ကျနော့်အတွက် ဆရာကြီး မင်းသုဝဏ် ၏ ဆောင်းပါးခေါင်းစဉ်တပ်ပုံကို တွေ့ပြီးကျေနပ်အားတက်ရ၏။ ဤသို့ခေါင်းစဉ်တပ်ပုံမှာ ဝေဖန်သူ၏ဆန္ဒကို ဖေါ်ပြရာရောက်ပြီး စာအုပ်၏အာဘော်ကိုလည်း ကိုယ်စားပြု နိုင်သည်ဟု ကျနော် ယူဆမိ၏။

ဤဆောင်းပါးတွင် အဓိကအားဖြင့် ၁၉၃၀ ခုနှစ်ဝန်းကျင်က ခေတ်စမ်းစာပေလှုပ်ရှားမှုအကြောင်း မီးမောင်း ထိုးပြ၏။ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများ၊ ဦးဆောင်ခဲ့ပုံများ၊ ခေတ်စမ်းစာပေ၏ ရည်ရွယ် ချက်၊ ခေတ်စမ်းစာပေ၏ စာပေသဘောတရားနှင့်နည်းနာများ အစရှိသဖြင့် ခေတ်စမ်းစာပေ၏ ဒု နှင့် ဇောက် ကို အကျဉ်းချုံးပြီးရေး၏။ “ခေတ်စမ်းစာပေ”ဘာ့ကြောင့်ပေါ်ပေါက်ခဲ့ရသနည်း။ ခေတ်စမ်းစာပေသည် မည်ကဲ့ သို့ ရုန်းကန်လှုပ်ရှားတည်ဆောက်ခဲ့ရသနည်း။ ထိုခေတ်ကလူတချို့က ခေတ်စမ်းစာပေအပေါ်သဘောထား ဘယ်လိုရှိခဲ့သနည်း အစရှိသည့် “ ခေတ်စမ်းစာပေ လှုပ်ရှားမှု” ရင်ဆိုင်ခဲ့ရသည့် စိမ်ခေါ်ချက်များကိုဆရာကြီး မင်းသုဝဏ်က ကောက်နုတ်ရွေးချယ်ပြီးမီးမောင်းထိုးပြလေသည်။

မာတိကာကိုဖတ်ရင်းက ဆောင်းပါးတချို့ကိုကျော်ကာ “ကွဲပြားသည့်အထဲက တူညီချက်” ဆောင်းပါးကို ကျနော်ဖတ်မိသည်။ ကျနော်ယုံကြည်စိတ်ဝင်စားသည့် “ဗဟုဝါဒ” အယူအဆနှင့်ကိုက်ညီနေသောကြောင့် ဖြစ် ၏။ ဆောင်းပါးကိုဖတ်ကြည့်တော့ ပိုပြီးကျေနပ်ရပြန်သည်။ ဆရာကြီး မင်းသုဝဏ်က စာရေးသူ တချို့ စုပေါင်းရေးသားထုတ်ဝေသည့် “ရခိုင်ညွှန့်ဖူး” စာအုပ်ကိုဝေဖန်ထားခြင်းဖြစ်၏။

မြန်မာစကားဖြစ်သော်လည်း နေရာဒေသကွဲသည့်အခါ အဓိပ္ပာယ်မကွဲသည့်တိုင် အသံထွက်များကွဲပြားသွား သည်ကို ဆရာကြီးက ထောက်ပြပြီး နေရာဒေသ၊ လူမျိုး၊ မတူကွဲပြားခြားနားမှုမှာ ပကတိကိစ္စဖြစ်သဖြင့် အသိ အမှတ်ပြုရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းမတူကွဲပြားခြားနားခြင်းထဲက တူညီချက်ကို ရအောင်ရှာပြီး ဘုံနှစ်ဦးနှစ်ဘက်အကျိုးရှိစေသည့်နည်းကိုရှာကြရမှာဖြစ်ကြောင်းထောက်ပြ၏။ ကျနော်အကြီးအကျယ် တုန် လှုပ်မိမတတ်အံ့သြသွားရ၏၊ ဆရာကြီးမင်းသုဝဏ်သည် စာအုပ်ဝေဖန်ရေးဆောင်းပါးကိုရေးနေသည်မှ ဟုတ် ပါလေစ။မြန်မာပြည်စာပေလောကတွင်“ဗဟုဝါဒ”ကို အစောဆုံး ပြောသူမှာ“ဒဂုန်တာရာ” ဟု ယူဆရ၏။ ဆရာကြီး မင်းသုဝဏ်က ဗဟုဝါဒ သဘောဆန်သည့်အယူအဆကို ၁၉၇၀ ခုနှစ်ကတည်းကပင်ပြောခဲ့ သလို ဖြစ်၏။ စာပေကိစ္စပြောသည့်တိုင် ဤအယူအဆမှာ ကျယ်ပြန့်နက်ရှိုင်းသိမ်မွေ့လွန်းနေ၏။

ကျနော်က ငယ်ရွယ်သူလူငယ်စာဖတ်သူတဦးအား ဆရာကြီး မင်းသုဝဏ်၏ “မြန်မာစာအုပ် ဝေဖန်ချက်များ” စာအုပ်ကိုပေးဖတ်မိသေးသည်။ ပြီးတော့ဆရာကြီး၏ ဝေဖန်နည်း တချို့ကိုရှင်းပြသည်။

ထိုအခါ ယင်းစာဖတ်သူလူငယ်က ကျနော့်အား စောဒကတက်၏။ ဆရာကြီးသည် စာအုပ်များ၏အားသာ ချက်များကိုသာ မီးမောင်းထိုးပြပြီး အားနည်းချက်များကိုမူထောက်ပြရန် ပျက်ကွက်နေသည်ဟု ထင်ကြောင်း ပြော၏။ ကျနော်က အပြုံးနှင့်သာနားထောင်နေခဲ့သည်။

ဆရာကြီး မင်းသုဝဏ်သည် စာအုပ်၏အားနည်းချက်များကို ထောက်ပြရန် ဝန်မလေးခဲ့၊ မပျက်ကွက်ခဲ့ပါ။ စာအုပ်၏အားနည်းချက်များ ကိုထောက်ပြသည့်အခါ စာအုပ်တအုပ်တွင် မလွဲမသွေပါရှိအပ်သည့် စာမျက်နှာ တပ်ပုံ၊ ထုတ်ဝေမှတ်တမ်းထည့်ရန် ပျက်ကွက်ပုံများကအစ စာရေးသူ၏ အကောက်အယူအတိမ်းအစောင်း အထိထောက်ပြ၏။ ဥပမာ ဒဂုန်ပဦးဘတင်၏ “ကျွန်ပ်နှင့်မြန်မာရုပ်ရှင်လောက”စာအုပ်ကိုဝေဖန်ရာတွင် “အမှာနှင့်နိဒါန်းပါသောစာမျက်နှာတို့ကို ဂဏန်းထိုးမထားသည်မှာ သမိုင်းဆရာများအဖို့ ထုတ်ဆောင် ကိုးကား ဖေါ်ပြရန် ပြဿနာတရပ် ဖြစ်ပေလိမ့်မည်”ဟု ထောက်ပြခဲ့၏။ တဖန်စာရေးသူတို့၏ စာရေးပုံ ရေးနည်း မှားယွင်းသည့်အတွက်ကိုလည်းထောက်ပြဝေဖန်သည်လည်းရှိ၏။ ဥပမာ မှူးတင်၏ “ယနေ့သိပ္ပံ” စာအုပ်ကိုဝေဖန်ရာတွင် စာရေးနည်း၊ ဝါကျဖွဲ့ပုံဖွဲ့နည်း မှားယွင်းသည့်အတွက် အဓိပ္ပာယ်နှစ်ခွထွက်ခြင်း များ ကို ထောက်ပြရာ၌ “နေနှင့်တကွသောဂြိုဟ်ကိုးလုံး ဆိုရာတွင် နေကတခြားလား၊ ဂြိုဟ်ကိုးလုံးက တခြား လား။ နေသည်ဂြိုဟ်ကိုးလုံးတွင် အပါအဝင်လား၊ ကွဲပြားအောင်ရေးသားသင့်သည် ထင်ပါသည်”ဟု ထောက် ပြခဲ့၏။ တဖန်စာရေးသူတို့၏အကောက်အယူအမှားကိုလည်း ဝေဖန်ထောက်ပြခဲ့၏။

ဥပမာ ဆရာတိုက်စိုးနှင့် မင်းယုဝေတို့ပြုစုသော “မြန်မာစာမိတ်ဖွဲ့” စာအုပ်ကို ဝေဖန်ရာ၌ “သို့သော်လည်း သဒ္ဒါနှင့် သဒ္ဓါကို ဆရာများအသံကစားကာ ရေးထားလေသလားဟု ထင်စရာဖြစ်သည့်သာဓကကိုကား တွေ့ မိပါသည်။ ထို့ပြင်တခါတခါ စကားပြေကောင်းအောင် ဂရုစိုက်လွန်း၍ အတွေးနောက်ကိုမပါ ဟန်နောက်ကို ပါပါသွားလေသလားဟုလည်း မေးခွန်းထုတ်ချင်မိပါသတည်း”ဟု ထောက်ပြခဲ့၏။

စာရေးပုံရေးနည်းကိုသာဂရုစိုက်လွန်းသဖြင့် အကြောင်းအရာဖက်တွင်ပွန်းတီးသည်ကို ထောက်ပြထားခြင်း ဖြစ်၏။ သို့သော်ဆရာကြီး မင်းသုဏ်ဝဏ်၏ ထောက်ပြဝေဖန်ပုံအသုံအနှုန်းနှင့် ဝေဖန်ပုံဝေဖန်နည်းမှာ ဝေဖန် ထောက်ပြလို့ထောက်ပြမှန်း မသိနိုင်လောက်အောင် နူးညံ့သိမ်မွေ့လွန်း၏။ ယဉ်ကျေးလှပလွန်း၏။ မေတ္တာ ဖြင့် ထောက်ပြခြင်းသာဖြစ်၏။ ထိုအချက်များကို ကျနော်က ပြောပြသည့်အခါ စာချစ်သူလူငယ်သည် လက်ခံ သဘောပေါက်သွားရ၏။

ဆရာကြီး မင်းသုဝဏ်သည်“မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်တွင်နောက်ခံ နယ်ပယ် အမျိုးမျိုးရှိသည့် စာအုပ်များကို ဝေဖန်ခဲ့၏။ ဥပမာ“သိပ္ပံပညာအံ့သြဖွယ်”ဆောင်းပါး၊“မြန်မာ့ပန်းချီဖြစ်စဉ်သမိုင်း”ဆောင်းပါး၊ “ထုပ် ယောက် ဒိုင်း မြား” ဆောင်းပါး၊“မှတ်ဉာဏ်ကောင်းချင်သလား”ဆောင်းပါး၊“နို့မယ်ဝေးမဝါ လွမ်းစလေး” အစရှိသော ဆောင်းပါးများမှာ ဘာသာရပ်မျိုးစုံနောက်ခံရှိသည့် စာအုပ်များကို ဝေဖန်ထားသည့် ဆောင်းပါး များဖြစ်၏။ တိုင်းရင်းသားဓလေ့ထုံးစံ၊ ဗိသုကာပညာ၊ တက်ကျမ်း၊ ဥရောပယဉ်ကျေးမှု၊ ပန်းချီ အနုပညာကိစ္စ၊ နယ်ပယ်ပေါင်းစုံ၏။ သုတ၊ ရသစုံ၏။

(ဂ)

ဆရာကြီး မင်းသုဝဏ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်ကထုတ်ဝေခဲ့သည့် “ဒို့ကျောင်းသားစာစောင်”တွင် စာအုပ် ဝေဖန်ရေးဆောင်းပါးများရေးခဲ့၏။ “မင်္ဂလာ”ဟူသောကလောင်အမည်ကို ယူကာ စာအုပ်စင်ကဏ္ဍတွင်ရေးခဲ့ ခြင်းဖြစ်၏။ ယင်းဆောင်းပါး(၃၂)ပုဒ်ကို စုစည်းကာ “မြန်မာစာအုပ်ဝေဖန်ချက်များ” စာအုပ်အဖြစ်ထုတ်ဝေ ခြင်းဖြစ်၏။

မြန်မာစာပေနယ်ပယ်၌“ဝေဖန်ရေးစာပေ”၏သက်တမ်းမှာ ကြာမြင့်လှခြင်းမရှိသေးပါ။ ကမာ္ဘ့စာပေဝေဖန်ရေး သက်တမ်းနှင့်နှိုင်းယှဉ်လျှင် နုနယ်လှသေး၏ဟုဆိုရပါမည်။ ထို့ကြောင့် ကျနော်တို့သည်“ဝေဖန်ရေး စာပေ” ဖန်တီးမှုအလုပ်ကိုအထူးပြုအားထုတ်ရန်လိုအပ်ပါသည်။ ယင်းနှင့်တပြိုင်နက်တည်းပင် “ဝေဖန်ရေး စာပေ နည်းနာကောင်းများ၊ နည်းနာသစ်များ”ကိုလည်း တပြိုင်နက်ရှာဖွေ၊ တီထွင်၊သုံးစွဲကြရမည် ဟုယုံကြည်မိ၏။

ဆရာကြီး“မင်းသုဝဏ်”သည်ကား သူ့ခေတ်က သူ့ပခုံးပေါ်တွင်တင်လာသည့် စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာ၌ “ဝေဖန်ရေးစာပေ”ကိုလည်းချန်မထားခဲ့ကြောင်းဤ “မြန်မာစာအုပ်ဝေဖန်ချက်များ“ စာအုပ် က အခိုင်အမာသက်သေထူလေ၏။ ။

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

မောင်သစ်ဦး

၁၉၇၀ ခုနှစ် တဝိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ဝန်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမာ္ဘ့ ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။
အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။
ထိုစဉ်က ကျနော်တို့တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘဝမှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ကြောင့် ကျနော်တို့မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်၀အောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့ ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့်ပြန့့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့်၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘဝက ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ဝိဘဇ္ဖဝါဒ ” ဖြစ်၏။ “ဗုဒ္ဒဝါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့်မှန်းလို့ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ဝတ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ထက်တစ်နေ့တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့့လေ့လာလို့ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ဝါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အ်ိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ဝဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့ နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့အုပ်ရိုး အစရှိသည်တို့ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင််မြို့ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့့ ရှေ့မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့အနွဲ့မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့အနွဲ့တချို့ကိုလည်းထင်းထင်းပြက်ပြက် တွေ့ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့်ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏ ။ ကျနော်ကား မဝတ်တတ် ။ မြန်မြန်ညစ်အောင် ဝတ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့်သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

* * * * * * *

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ဝန်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘဝက ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်၀ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘဝကိုစာရေးသူတဦး၏ ဘဝနှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။

အတွေးအခေါ် တော်လှန်ရေး


A Revolution of The Mind by Jonathan Israel
Dr.aung khin


အတွေးအခေါ် အယူအဆသစ်ကို နှစ်ပေါင်းရာချီပြီးကြာမှ လူ့အဖွဲ့အစည်းက လက်ခံတယ်။ အနောက်တိုင်းမှာ ဒီကနေ့ ကျင့်သုံးနေတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ (၁၇) ရာစုမှာ မြစ်ဖျားခံတဲ့အတွက် သက်တမ်း အနှစ် (၃၀၀) ကျော်ရှိသွားပြီလို့ ပြောနိုင်တယ်။ ပြည်သူ့ကိုယ်စားလှယ်အစိုးရ၊ ညီမျှမှု၊ လွတ်လပ်မှု၊ ဥပဒေပြုရေးနဲ့ ပညာရေးမှာ ဘာသာရေးကင်းရှင်းမှု စတဲ့ အယူအဆတွေဟာ အခြေခံကျတဲ့ အသိဉာဏ်အမြင်ပွင့်လင်းမှု (radical enlightenment) ဖြစ်တယ်။ အာဏာရှင်ဘုရင်စနစ်နဲ့ ဘာသာရေးဂိုဏ်း ကြီးစိုးတဲ့ခေတ်မှာ ဒီလိုအတွေးအခေါ်အယူအဆတွေ ခေါင်းမထောင်နိုင်ဘူး။ လူတစုက လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သဘောတရား ကမာ္ဘက လက်ခံလာတဲ့ အထိ အောင်ပွဲခံလာပုံကို Princeton Institute of Advanced Study ဆိုတဲ့ သုတေသနဌာနက သမိုင်းပါမောက္ခ ဂျော်နသန်အစ္စရေး (Jonathan Israel) ရေးထားတဲ့ စာအုပ် ၂၀၁၀ နှစ်ဆန်းမှာ ထွက်လာတယ်။ အမည်က A Revolution of The Mind အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်။ ခေတ်သစ်ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲလာပုံကို ဖော်ပြထားတာပါပဲ။

အတွေးအခေါ်သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ဂန္ထဝင်စာအုပ်တွေရှိသလို မျိုးဆက်သစ်တွေက အမြင်သစ်နဲ့ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် စနစ်ဟောင်း အကျင့်ဟောင်းကို တော်လှန်ပြီး လူ့စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့တဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို သီးသန့်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်က နည်းတယ်။ ဒီလိုအချိန်မှာ ဂျော်နသန်အစ္စရေးက အတွေးအခေါ် တော်လှန်ရေးအကြောင်း စာမျက်နှာ (၂၀၀) ကျော် ရေးလိုက်တာပါပဲ။ ရှားပါးတဲ့ အမျိုးအစားဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အတွက် စာအုပ်ဝေဖန်ခန်းရေးဖို့ စိတ်ကူးမိတယ်။ ဝေဖန်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လို့ မြန်မာစာအဖွဲ့ရဲ့ ၁၉၈၀ ထုတ် မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ ဖော်ပြတယ်။ အကောင်းအဆိုးကို သုံးသပ်စိစစ်မှု သို့မဟုတ် ခွဲခြားညွှန်ပြပြောဆိုမှုလို့ အဓိပ္ပာယ်ရသလို၊ စိတ်ဖြာခွဲဝေပေးတာကိုလည်း ဝေဖန်တယ်လို့ ပြောနိုင်တယ်တဲ့။ ဒီအဓိပ္ပာယ်အားလုံး ခေတ်ပြိုင်စာအုပ်ဝေဖန်ခန်းမှာ တွေ့နိုင်မယ်။

မြန်မာက နွားလှည်းလောက်သာလုပ်တတ်ပြီး အမေရိကန်နဲ့အနောက်တိုင်းက အာကာသလောကမှာ သုတေသနလုပ်နေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့အရေးအသားကို သဘောပေါက်ရင်တောင် မြန်မာလိုပြန်ပြောဖို့ ဝေါဟာရ ခေါင်းပါးနေတာတွေ့ရတယ်။ စရိုက်ချင်း ကွဲပြားခြားနားတာရယ် မြန်မာပြည်မှာ လွတ်လပ်မှုဆိတ်သုဉ်းနေတာရယ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မြန်မာစာ အရေးအသား အလွန်နည်းတယ်။ အပေါ့အပါးစာပေ အရေးအသားတွေများပြီး လေးနက်တဲ့ အရေးအသားနည်းတယ်။ ဒါပေမယ့် ကျနော်တို့တာဝန်က ခက်တဲ့ကိစ္စကို လွယ်အောင်လုပ်ဖို့ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြပါမယ်။ စာမျက်နှာ (၂၀၀) ကျော်ကို (၁၅) မျက်နှာနဲ့ ရှင်းပြရတာမို့ စာရေးသူရဲ့ ဆိုလိုချက်ကို ခြုံငုံမိဖို့ကလည်း အရေးကြီးပါတယ်။ နောက်အခက်အခဲတခုက စာဖတ်ပရိသတ်နဲ့ သက်ဆိုင်တယ်။ ပညာတတ် အင်္ဂလိပ် စာဖတ်ပရိသတ်အတွက် ရေးထားတဲ့စာအုပ်ကို မြန်မာစာတတ်သူတိုင်း နားလည်အောင် ပြန်လည်ရှင်းပြရတာဟာ အတော်လေးဦးနှောက်ခြောက်စရာပါပဲ။

လူအများစုရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပြီး လူနည်းစုကြီးစိုးတာကို ဟန့်တားဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိမြန်မာစစ်အစိုးရ နားမလည်သလို ရှေးအာဏာရှင် ဥရောပဘုရင်တွေကလည်း လက်မခံနိုင်ကြဘူး။ လူသားရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်ရေးနဲ့အဆင့်အတန်းဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ညီမျှမှုသဘောကိုလည်း ဘုရင်ခေတ်က လက်မခံနိုင်ကြဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် တရားဥပဒေအတိုင်း အားလုံးကို တပြေးတည်း ဆက်ဆံရမယ်ဆိုတဲ့ အယူအဆကို အာဏာရှင်တွေက လက်မခံနိုင်ဘူး။

ဒါကြောင့် အာဏာပိုင်ဘုရင်၊ မြေရှင်ပဒေသရာဇ်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်တဲ့အယူအဆ အတွေးအခေါ်တွေ ပြန့်ပွားအောင်လုပ်ရတာ အလွန်ခက်ခဲတယ်။ Enlightenment (ခေါ်) ပွင့်လင်းတဲ့ အသိဉာဏ်ပညာက ပေါ်ထွက်လာတဲ့ အယူအဆတွေဟာ အနောက်တိုင်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေခံအတွေး အခေါ်တွေ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ အာဃာတထားမှု၊ အယူသည်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအယူအဆတွေ ခေတ်မစားအောင် နှစ်ပေါင်းသုံးရာကျော် ဖိနှိပ်ဟန့်တားခဲ့ပေမယ့် နောက်ဆုံးမှာ အုပ်ချုပ်သူလူတန်းစားကပါ လက်ခံလိုက်ရတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွက်လာတာပါပဲ။

အသိဉာဏ်ကင်းမဲမှုနဲ့ ယုံလွယ်မှုကြောင့် လူသားတွေဟာ အဖိနှိပ်ခံ/အနှိမ်ခံနေရတာလို့ (၁၈) ရာစုပညာရှင်အချို့ ပြောတာဟာ အခုခေတ်အထိ မှန်နေတုန်းပါပဲတဲ့။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုဟာ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုရဲ့ ရန်သူတွေဖြစ်ပါတယ်။ (၁၇) ရာစုပညာရှင် ဒေးကတ် (Descartes 1596-1650)၊ ဟော့ဗ်စ် (Hobbes 1588-1679)၊ စပင်နိုဇာ (Spinoza 1632-1677)၊ ဘာလ် (Bayle 1647-1706) စတဲ့ ပညာရှင် (၄) ဦးကို တော်လှန်ရေးအမြင်ရှိသူအဖြစ် ဖော်ပြထားတယ်။

လူ့ဘဝတိုးတက်ကောင်းမွန်ရေးအတွက် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆဟာ စာတွေ့မှာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ (၁၇) ရာစုက ယူဆကြတယ်။ (၁၈) ရာစုရောက်လာတော့မှ တော်လှန်တဲ့ အတွေးအခေါ်အယူအဆကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်အောင် အတတ်ပညာသစ်တီထွင်နိုင်မှု၊ တရားဥပဒေနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု၊ ရောဂါကပ်ကွယ်ပျောက်မှု စတာတွေကြောင့် လူ့ဘဝကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဆင်ခြင်တုံတရား အားထားရင် တိုးတက်လိမ့်မယ်လို့ ယုံကြည်လာကြတယ်။ ဘိုးဘွားတွေ လက်ထက်ကလို အသိဉာဏ်ခေါင်းပါးမှု နည်းပါးသွားတာဟာ တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပဲလို့ ယူဆလာကြပါတယ်။

(၁၈) ရာစုနှောင်းပိုင်းမှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ သည်းခံနိုင်မှုတွေ ရှိလာတဲ့တွက် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို ဘက်ပေါင်းစုံမှာ မြင်တွေ့နေရပြီလို့ ဗောလ်တဲ (Voltaire 1694-1778) က သုံးသပ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကို လူတစုကသာကျင့်သုံးပြီး လူများစုဟာ ခိုင်းတာကိုသာ လုပ်ချင်နေကြတဲ့အတွက် အဖြစ်မှန်ကို မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ လူထုကိုယ်စားပြုတဲ့ ညီလာခံတွေ အဖွဲ့အစည်းနဲ့ဥပဒေတွေ များပြားလာတာကို ဂျာမန်ပညာရှင် ကန့် (Kant 1724-1804) မှတ်တမ်းတင်ထားပါတယ်။ လူ့အဖွဲ့အစည်းဟာ ဘုရင်စနစ်မှာ နိဂုံးမချုပ်ဘဲ ဆက်လက်တိုးတက်နိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြတယ်။ ဒီနေရာမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ စနစ်ဟောင်းကို ပြောင်းပစ်ချင်သူနဲ့ စနစ်ဟောင်းအတွင်းမှာပဲ ပြုပြင်ရေးလုပ်ချင်သူဆိုပြီး နှစ်စုကွဲသွားပါတယ်။

တနည်းဆိုရင်တော့ ဆင်ခြင်တုံတရားနဲ့ စနစ်ဟောင်းကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး လက်ရှိစနစ်အတွင်းမှာ ပြုပြင်ရေးလုပ်လိုသူတွေကတဖက်၊ စနစ်ဟောင်း အကျင့်ဟောင်းကို စွန့်လွှတ်ပြီး ဆင်ခြင်တုံတရားတခုတည်းကိုသာ ရှေ့ဆောင်လမ်းပြအဖြစ် အသုံးပြုလိုသူတွေကတဖက် အုပ်စုနှစ် ကွဲသွားပါတယ်။ ဆင်ခြင်တုံတရား (သို့မဟုတ်) စဉ်းစားဉာဏ်ကိုသာ အားကိုးတဲ့ အတွေးအခေါ်အယူအဆမှာ ကိုးကွယ်ယုံကြည်မှုအတွက် နေရာမရှိပါဘူး။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကလည်း တော်လှန်တဲ့ အတွေးအခေါ်မှာ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုတာမရှိဘူးလို့ ထောက်ပြကြတယ်။ ဒီလိုအတွေးအခေါ် အယူအဆသစ်ကို အပြင်းအထန် ဆန့်ကျင်သူတွေဟာ ဥရောပဘုရင်အစိုးရတွေနဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီး ပေါ်ထွက်လာတဲ့နောက်မှာ ဥရောပအစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာလည်း ပိုမိုပြင်းထန်လာတယ်။

အင်္ဂလိပ်ပညာရှင်တွေထဲမှာလည်း (၁၈) ရာစုပါလီမန်စနစ်ကို အကျင့်ပျက်နိုင်ငံရေးစနစ်လို့ ယူဆသူတွေရှိတယ် (Price, Priestly, Paine, Jebb, Thelwall)။ အတိုက်အခံလုပ်ပြီး ရုန်းကန်လှုပ်ရှားတာကို သမိုင်းဖြစ်စဉ်အဖြစ် Thomas Paine(1737-1809) ကမြင်တယ်။ လူတစုကောင်းစားရေးအတွက် အင်အားသုံးပြီး လိမ်ညာအုပ်ချုပ်တဲ့ အစိုးရစနစ်ကနေ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်တဲ့အစိုးရစနစ်ကို Tom Paine လိုလားတယ်။

ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နိုင်တဲ့အရာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ လူ့ဘောင်မှာ ညီမျှမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ဘဝကို အစိုးရစနစ်ကတဆင့် တည်ဆောက်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ဒေါလ်ဘတ်ရှ (d’Holbach) က ၁၇၇၀ မှာ ရေးတယ်။ မှားယွင်းမှု၊ မသိနားမလည်မှု၊ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရပြီး အစွဲအလမ်းကြောင့် အဖိနှိပ်ခံဘ၀ သက်ဆိုးရှည်နေမယ်ဆိုရင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာနဲ့ အမှန်တရားက သူတို့ကို ကယ်တင်လိမ့်မယ်လို့ ဒေါလ်ဘတ်ရှက ဆိုပါတယ်။ လှပတဲ့ ရင်သပ်ရှုမောဖွယ် အတွေးအခေါ်ပါပဲလို့ ဂျော်နသန်အစ္စရေးက မှတ်ချက်ချလိုက်ပါတယ်။

(၁၇) ရာစု မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတဦးဖြစ်သူ ညောင်ရမ်းမင်းရဲ့ အဆက်အနွယ်တွေ ကြီးစိုးတဲ့အတွက် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၀၀) လို့ ခေါ်ကြတယ်။ စကားပြေအရေးအသားနဲ့ ရဟန်းစာဆို ထွန်းကားတဲ့ခေတ်လို့ ပထမဆုံးသော မြန်မာစာပါမောက္ခ ဦးဘေမောင်တင်က မြန်မာစာပေသမိုင်းမှာ ရေးထားတယ်။ မြန်မာစာပေကို နန်းတော်က အားပေးချီးမြှင့်တဲ့ဓလေ့ကြောင့် မြန်မာစာပေမှာ ဘုန်းတော်ဘွဲ့တွေ များတယ်။ (၁၇) ရာစုမှာ ညောင်ရမ်းမင်း (၇) ဦး နန်းစံတဲ့အထဲမှာ သာလွန်မင်း (၁၆၂၆-၁၆၄၈) ဟာ စစ်မတိုက်ဘဲ ပြုပြင်ရေးလုပ်ငန်းကို အာရုံစိုက်တဲ့အတွက် ထင်ရှားတယ်။ သာလွန်မင်းဟာ မြို့တော်ကို ပဲခူးက အင်းဝကို ရွှေ့ပြောင်းလိုက်သူဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာမှု မရှိတဲ့အခါမှာ ဗမာမင်းတွေဟာ မြို့တော်ကို ရွှေ့ပြောင်းလေ့ရှိတယ်လို့ မြန်မာပြည်ရောက် ဒတ်ရှကုန်သည်တို့ရဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ပထမဆုံးသော မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က ၁၉၆၂ ထုတ် မြန်မာနိုင်ငံသမိုင်းမှာ ရေးထားတယ်။ ဒါပေမယ့် နောက်တက်တဲ့မင်းတွေ ညံ့ဖျင်းတဲ့အတွက် သာလွန်မင်းရဲ့ ဆောင်ရွက်ချက်တွေ အချည်းနှီးအလဟဿ ဖြစ်ရတယ်လို့ ဆရာကျော်သက်က ဆိုပါတယ်။

ညောင်ရမ်းမင်းရဲ့သား အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) လက်ထက်မှာ မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးစတယ်။ မြန်မာတပ် ဇင်းမယ် (ချင်းမိုင်) ကို သိမ်းတဲ့အခါ အဲဒီမှာရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်နှစ်ဦးနဲ့ တွေ့တယ်။ ဒီအင်္ဂလိပ်နှစ်ဦး မြန်မာပြည်နဲ့ ကုန်သွယ်ရင်း ပြည်နှင်ဒဏ်ပေးခံရတယ်။ ဗမာဘုရင်ဟာ အလွန်ဆိုးသွမ်းရက်စက်တဲ့အတွက် ပြည်သူ့သွေး တစက်မထွက်ရင် ထမင်းမစားနိုင်တဲ့ မင်းဆိုးမင်းညစ်သာဖြစ်တယ်လို့ အင်္ဂလိပ်ကုန်သည်နှစ်ဦးက ထွက်ဆိုတယ်တဲ့။ မြန်မာစာဆိုတွေကတော့ ဗမာမင်းရဲ့ ဘုန်းတော်ဘွဲ့ကိုသာ ရေးလေ့ရှိတယ်။

သာလွန်မင်းလက်ထက်မှာ ရဟန်းစာဆိုတွေ ခေတ်စားတယ်။ ၁၆၄၅ ခုနှစ်မှာ ထင်ရှားတဲ့ ရှင်ကရဝိက ဆိုသူ ရဟန်းစာဆိုဟာ `“တက်ထွန်းလျှံဝါ” အစချီတဲ့ ပိုဒ်စုံရတုသုံးပုဒ်ကို ဘုရင့်ရွှေနားတော် ဆက်သွင်းတယ်ဆိုပဲ။ ရှင်ကရဝိကရဲ့ ရတုကို သာလွန်မင်းက ကြိုက်နှစ်သက်လွန်းတဲ့အတွက် ရွှေကျည်တောက်ထဲသွင်းပြီး ခေါင်းရင်းမှာ အမြဲထားတယ်တဲ့။ ဒါတင်မကသေးဘဲ အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်သေးတယ်တဲ့။ ရတုထဲမှာ “ဖြူရိပ်ဖြန့်လွှား၊ လူ့ဘုရားလျှင်၊ လေးပါးတန်ခိုး၊ နေ့တိုင်းတိုးလျက်…” စသဖြင့် ရှင်ဘုရင်ကို လူ့ဘုရားလို့ အမွှန်းတင်လိုက်တော့ သာလွန်မင်းကြီးလည်း အလွတ်ကျက်ရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်

Friday, May 21, 2010

ဦးသုခ၏ အမေ

ကမ္ဘာကြီး ကမ္ဘာကြီးကို
အာဒံနဲ့ ဧဝ ကပဲ စတယ်လို့ ပြောပြော...
ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော...
သူတို့ထဲမှာ
အမေ...ဆိုတဲ့ ဣတ္ထိလိင်
ပါလာလို့သာ
ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့
ဒီနေ့အထိ ကျနော်တို့အထိ
သားစဉ်မြေးဆက်တွေဖြစ်လာတယ်မဟုတ်လား အမေ...
အမေမှန်သမျှ
ဘာသာခြား လူမျိုးခြားရယ်လို့
ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ...
သားသည်အမေတစ်ယောက်ဟာ
အမေပါပဲ အမေ...
သူက ယုတ်ညံ့လို့...
သူက လူမျိုးခြားမို့လို့...
သူက ဘယ်ဘာသာမို့လို့...
မဟုတ်ပါဘူး အမေ
မဟုတ်ပါဘူး
ကျနော်မြင်တာဖြင့်
ကျနော်ပြောဦးမယ်
ကျနော်လွန်သွားမလား...
မလွန်ပါဘူး အမေ
ကျနော် စဉ်းစားထားပြီးမှ ပြောတာပါ
အမေမှန်ရင်လေ...
အမေ
နားနဲ့မနာ ဖဝါးနဲ့နာ
ပြောလိုက်ပါရစေတော့...
အမေဟာ
ကျနော့်လက်ထက်ထဲမှာ...
ကျနော့်မျက်စေ့အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ......
အမေဟာ အမေပါပဲ.....။ ။

Thursday, May 20, 2010

Andre- Marie Ampere




Born 20 January 1775
Parish of St. Nizier, Lyon,France
Died 10 June 1836 (aged 61)
Marseille, France
Residence France
Nationality French
Fields Physics
Institutions Bourg-en-Bresse
École Polytechnique
Known for Ampere's Law
အင်ဒရီး မယ်ရီ အမ်ပီယာ(၁၇၇၅-၁၈၃၆) ဆိုတာကတော့ ၁၉ရာစုရဲ့ ပြင်သစ် သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လိုင်ယွန်မြို့ရဲ့ အနီးအနားက Polemieux မှာ မွေးဖွားခဲ့ပါတယ်။ Ampere ဆိုတာကတော့ electric current ရဲ့ ယူနစ် တစ်ခုဖြစ်ပါတယ်။ သူ့ကို ဂုဏ်ပြုပြီးတော့ ခေါ်ဆို ထားတာ ဖြစ်ပါတယ်။ အင်ဒရီး မယ်ရီ အမ်ပီယာ ကတော့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ ကြားမှာရှိတဲ့ ဆက်သွယ် ချက်ကို စူးစမ်းရှာဖွေခဲ့တဲ့ ပြင်သစ်သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ ၁၈၂၀ ခုနှစ် မှာ principle of electromagnetic reaction (magnetic field တစ်ခုforce သက်ရောက်လိုက် တာနဲ့ electrical current ဖြတ်သန်းစီးဆင်း) ကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ electrodynamic theory နဲ့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ဆက်သွယ်ချက် ကို (Collection of Observations on Electrodynamics, 1822) နဲ့ (Theory of Electrodynamics Phenomena ,1826) စာအုပ် တွေမှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
အမ်ပီယာကို ၁၇၇၅ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ လိုင်ယွန် မြို့မှာမွေးဖွားခဲ့ပါတယ်။ ၁၈၃၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အမ်ပီယာရဲ့ ကလေးဘ၀ နဲ့ ဆယ်ကျော်သက် အရွယ်အထိ သူ့ရဲ့ မိသားစုနဲ့ အတူ လိုင်ယွန်မြို့ရဲ့ အနီးအနားက Poleymieux-au- Mont-d'Or မှာနေထိုင် ခဲ့ ပါတယ်။ သူ့အဖေက သူကို လက်တင် ဘာသာကို စတင် သင်ကြား ပေးခဲ့ပါတယ်။ သူ့ရဲ့တိထွင်မှုတွေ မစတင်ခင်ထိတော့ သူရဲ့ အထုံပါရမီနဲ့ စိတ်ဝင်စားတဲ့ သင်္ချာဘာသာ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ အမ်ပီယာက သူ့ရဲ့ လက်တင်ဘာသာ ကို ပြန်လည် စတင်ခဲ့ပါတယ်။သူ့ရဲ့ ဆရာတွေကတော့ ဆွီဇာလန် သိပ္ပံပညာရှင် နှစ်ယောက် ဖြစ်တဲ့ Euler နဲ့ Bernoulli ဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ အမ်ပီယာ ၁၈နှစ်မှာ mathematics နဲ့ science ကို ကျွမ်းကျင်ပိုင်နိုင် လာပါတယ်။ သို့သော် နောက်မှာတော့ သူက history, travels, poetry, philosophy နဲ့ natural sciences တွေကို လေ့လာခဲ့ပါတယ်။ ပြင်သစ် တော်လှန်ရေး ကာလမှာ တော့ အမ်ပီယာရဲ့ အဖေက သူ့ကို လိုင်ယွန်က စိတ်ချရတဲ့အတွက် ပြောင်းနေဖို့ ပြောလာပါတယ်။သို့သော်ငြားလည်း သူ့အဖေ ကတော့ ပြင်သစ် တော်လှန်ရေး အပြီးမှာတော့ ဖမ်းဆီး ကွပ်မျက် ခံခဲ့ရပါတယ်။ ဒါနဲ့ပါတ်သက် ပြီးတော့ အမ်ပီယာ စိတ်ထိခိုက် ခဲ့ရပါတယ်။
၁၇၉၆မှာ Julie Carron နဲ့တွေ့ခဲ့ပြီးတော့ ၁၇၉၉ မှာလက်ထပ်ခဲ့ပါတယ်။၁၇၉၆ ခန့်မှာ သူက လိုင်ယွန်ရဲ့ mathematics, chemisty နဲ့ languages ဌာနတွေမှာ လုပ်ကိုင်ခဲ့ ပါတယ်။ ၁၈၀၁ မှာ သူ physics နဲ့chemistry ဌာန ရဲ့ professor အဖြစ် ဘ်ိုဒေါ့ ကိုပြောင်းလာခဲ့ပါတယ်။၁၈၀၃ ခုနှစ်မှာ သူ့မိန်းမဆုံးသွားလို အမ်ပီယာ ဒုက္ခ ရောက်ခဲ့ ရပါတယ်။သူအနားယူခဲ့တယ်။သို့သော် သူ လိုင်ယွန် တက္ကသိုလ်မှာ အကြံပေး အဖြစ် ၁၈၀၄ ခုနှစ်မှာ လုပ်ခဲ့ပါတယ်။
Jean Baptiste Joseph Delambre'sရဲ့ ထောက်ခံချက်အရ လိုင်ယွန်မှာ ခန့်အပ်ခံရပါတယ်။ ၁၈၀၅ နောက်မှာ ပဲရစ်ရဲ့ polytechnic ကျောင်းမှာ အရေးသိပ်မပါတဲ့ နေရာတစ် ခုကိုရခဲ့တယ်။ ၁၈၀၉ခုနှစ် မှာ သင်္ချာဌာနရဲ့ professor ဖြစ်လာခဲ့ပါတယ်။အဲမှာ သူက scientific research တွေကို မလျော့သော ဇွဲ၊လုံ့လ ၊ ဝိရီယ တွေနဲ့ လေ့လာလိုက်စားခဲ့တယ်။ ၁၈၁၄ ခုနှစ်မှာတော့ တက္ကသိုလ် ရဲ့ အဖွဲ့ဝင် အဖြစ်ခန့်အပ်ခံရပါတယ်။
Electromagnetic လို့ခေါ်တဲ့ electricity နဲ့ magnetism ကြားမှာရှိတဲ့ ဆက်သွယ်ချက် ကိုပြသခဲ့ပါတယ်။၁၈၂၀ စက်တင်ဘာလ ၁၁ရက်နေ့မှာ H. C. Ørsted's ရှာဖွေတွေ့ရှိခဲ့တဲ့ voltic current ကြောင့် action ဖြစ်စေတဲ့ magnetic needle အကြောင်းကိုကြားခဲ့ရပါတယ်။တစ်ပါတ် အကြာ စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ ထူးခြားတဲ့အဘောတရားတွေ နဲ့ ပြီးပြည့်စုံ တဲ့ စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ့ နေ့မှာဘဲ parallel ဖြစ်နေတဲ့ conductors နှစ်ချောင်းမှာ လျှပ်စစ်ဖြတ်သန်းစီးဆင်း သွားတဲ့အခါမှာတော့ direction တူနေမယ်ဆိုရင်တော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခု ဆွဲငင် ကြပြီးတော့ direction မတူတဲ့ အခါမှာတော့ တစ်ခုနဲ့တစ်ခုဟာ တွန်းကန်ကြတယ်ဆိုတာ ကို ပြသခဲ့ပါတယ်။
Electromagnetism နယ်ပယ်ဟာ အမ်ပီယာကြောင့် ပြန့်ပွား လာခဲ့ပါတယ်။mathematical theory တွေဟာတိုးတက်လာခဲ့တယ်။ဒါတွေသာမက သူလေ့လာထားတဲ့ electromagnetic phenomena နဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် အသစ်တွေကိုလည်း ဟောကိန်း ထုတ်ခဲ့တယ်။ ၁၈၂၈ ခုနှစ် မှာတော့ ဆွီဒင် သိပ္ပံအကယ်ဒမီ ရဲ့ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးကောက် ခြင်းကိုခံခဲ့ရတယ်။
၁၈၃၆ခုနှစ်မှာ အမ်ပီယာ က မာဆေး မှာသေဆုံးခဲ့ပါတယ်။ သူ့ကို ပဲရစ်ရဲ့ Cimetière de Montmartre မှာ မြေမြုလ် သင်္ဂြိုဟ် ခဲ့ပါတယ်။သူ့ကို ဂျာနယ် တွေက သူဟာ ရိုးသားတယ်၊အပြစ်ကင်းစင်တယ်၊ သနားကြင်နာတတ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

Mobile handset အကြောင်း

ကိုယ်ဝယ်မဲ့ handset က အသစ်လား used လား ဆိုင်ရှင်ကိုမမေးနဲ့ handset ကိုမေးကြည့်တာစိတ်ချ
ရတယ် ဒီ code လေးရိုက်လိုက်ပေါ့
*#92702689# ဒါမှမဟုတ် (*#WAR0ANTY#) ရိုက်ပါ

1st line=စီရီရယ် number (IMEI)

ဂဏန်း 15 လုံးပါတဲ့ IMEI- နံပါတ်
များကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားပါသေးတယ်
XXXXXX XX XXXXXX X
TAC FAC SNR SP

*
TAC = Type approval code ( ပထမဂဏန်း ၆ လုံးက TAC ပါ )
*
FAC = Final assembly code ( ဒုတိယ ၂ လုံးက FAC )
*
SNR = စီရီရယ် number ( တတိယ ၆ လုံးက SNR )
*
SP = Spare ( နောက်ဆုံး ၁ လုံးက Spare ) ဖြစ်ပါတယ်


2nd line=Production date (MM/YY)

3rd line =Purchase date (MM/YY) You can only enter the date once.

4th line =Date of last repair (0000=No repair)


ကိုယ် ပြောလိုက်တဲ့ အသံကို ပြောင်းပေးဖို့လေဗျာ။ မိန်းကလေးအသံ၊ ကလေးအသံ၊ ယောကျာင်္းလေးအသံ၊ သရဲအသံ၊ ခွေးအသံ၊ (သို့မဟုတ်) မိမိလိုချင်တဲ့အသံတွေကို စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ခံအသံတွေ အနေနဲ့လည်း မြို့ထဲက ကားဟွန်းသံတွေလိုမျိုး ကြိုက်သလိုထည့်လို့ရတယ်။ ဘယ်လိုသုံးမလဲ ဆိုတော့ … ကွန်ပျူမှာသုံးရင်တော့ chatting တွေ နဲ့ ဖုန်းဆက်ဖို့အတွက် သုံးလို့ရသလို၊ သီချင်းသမားတွေအတွက်လည်း အသုံးဝင်ပါတယ်။ နောက်ခံကားသံတွေထည့်ပြီး ‘ချစ်ရေ .. ကိုယ် မြို့ထဲရောက်နေလို့ကွာ’ ပေါ့ ။ း)
ဖုန်းထဲမှာသုံးတဲ့ program လည်း ထည့်ပေးထားပါတယ်။ ယောက္ခမ က ယောကျာင်္းလေးသံနဲ့ဆို မခေါ်ပေးတာမျိုး ရှိခဲ့ရင်ပေါ့လေ။ အနည်းဆုံးတော့ အပျော်သဘောအနေနဲ့ သုံးလို့ရတယ်လေ။ အပျော်ပေါ့ဗျာ … စမ်းကြည့်ပါဦး။


PC အတွက်ရော၊ mobile အတွက်ရော ပေးထားပါတယ်။ ဒေါင်းနိုင်တဲ့ နေရာကတော့ mediafire တစ်နေရာပဲ ပေးထားလိုက်တော့မယ်ဗျာ။ အဆင်ပြေသလိုသာ ကြိုးစားပေတော့။ katz.cd မှာဆိုရင်လည်း အခြားသော hosting မျိုးစုံက တင်ပေးထားပါတယ်။ ကွင်းနဲ့ရေးပေးထားတဲ့ နာမည်ကိုသာ search ထဲ ထည့်ရှာလိုက်။ ပေါမှပေါပဲ။

ဒေါင်းလုပ် Voice changer for PC (MorphVOX_Pro_4.3.3) ဒီကောင့်ထဲမှာ crack ကို folder နဲ့ ထည့်ပေးထားတယ်။ replace ပေးရမယ့် crack ပါဗျာ။ install လုပ်ပြီး ဖွင့်ကြည့်ဗျာ။ ပထမဆုံး profile တစ်ခု ဆောက်ခိုင်းလိမ့်မယ်။ နာမည်လေးထည့်ပြီး next တွေနှိပ် စပေးလိုက်။ ပြီးရင် သုံးချင်တဲ့ အသံကို ရွေးပေးလို့ရသလို adjust လုပ်ပြီး ပြင်လို့လည်းရတယ်။ ဒီအသံကို gtalk ကဲ့သို့သော im တွေမှာလည်း ဖြစ်ဖို့ကိုတော့ Settings ရဲ့ Default system Microphone ဆိုတာကို check ပေးလိုက်ဖို့ လိုပါတယ်။ Vista နဲ့ windows 7 မှာဆိုရင်တော့ လက်ရှိသုံးနေတဲ့ mic ကို အမှတ်ခြစ် (default) ပေးထားပြီး၊ Bee audio ဆိုတဲ့ mic ကလည်း စကားပြောလိုက်ရင် အတုံးလေးတွေ လိုက်တက်ရမယ်။ ဒါဆိုရင် ဘယ်မှာပဲ သုံးသုံး ကိုယ်ပြင်ထားတဲ့အသံ ထွက်ပြီပဲ။ အောက်ကပုံတွေကို နှိပ်ကြည့်လိုက်ပါ။


mobile အတွက် တင်ပေးထားတဲ့ voice changer sis ဖိုင်လေးက အဆင်မပြေကြဘူးထင်တယ်။ ကျနော်လည်း mobile အတွက်ကို မစမ်းလိုက်မိဘူး။ အသစ်ပြန်တင်ပေးလိုက်ပါတယ်။
ဒေါင်းလုပ် Voice changer for Mobile
for windows mobile
for Series 60 mobile phones

ဒီလိုမျိုး headphone voice changer တွေလည်း ရှိသေးတယ်ဗျ။ ဒါနဲ့ဆို ဖုန်းအမျိုးအစားတွေ၊ software တွေ စဉ်းစားစရာ မလိုတော့ဘူးပေါ့။

ကျနော် software ရှယ်တဲ့အလုပ် သိပ်မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် အခုကောင်လေးက အပျော်သုံးလေး ဆိုတော့ ကြည်နူးမှုလေး ရှယ်ယာတဲ့ သဘောပေါ့။ အဆင်ပြေပါစေ …

ကောသလမင်း အိပ်မက် ၁၆ ချက်


(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။



(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။


(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။


(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။


(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။


(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။


(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထ်ိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။


(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။


(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။


(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။


(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။


(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။


(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခ်ိုင်မမြဲ ရှိကြကုန် လတ္တံ့။


(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။


(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။


(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

အသစ်တော့ အသစ်ပဲ


ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။

ၾသကာသ ၾသကာသ ၾသကာသ


[ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား,
ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။


သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊
ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည်။

ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။

တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။

သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။

အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။

ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ,
လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို
ခေါ်ပါသည်။

စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။

ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။

မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို
မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို
နိဝါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။

(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)

အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)

အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ -

(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။

- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)

ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။


- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း
ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်,
ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
[ အပြစ် ]ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို
မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ
များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)

(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။

(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။

(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။

ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး

မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့်
ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး
သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို
ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)


- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့
အမှန်တဲ့။

ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
[ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
[ဥပဓိဝိပတ္တိ]ဟု
ဆိုသည်။
(၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို
[ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။


- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။

ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။

ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။


ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ
သရုပ်ပြ။

အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည်
မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်

Tuesday, May 18, 2010

ဆွေရယ် မျိုးရယ် ချစ်ကြိုး သွယ်သွယ် နှောင်ဖွဲ့ချီတယ်

ဒီရွာမှာ မွေး။ ဒီရွာမှာ ကြီးခဲ့တဲ့ ကိုစံလွင်ဟာ ပညာလေး စုံကတည်းက အလုပ်မျိုးစုံ လုပ်ခဲ့ပါတယ်။ သူများ လယ်ယာမှာ သူရင်းငှား မလုပ်ဖူးရုံ တစ်မည်ပါပဲ။ အဲသလောက်တော့ အခြေအနေ မမဲ့ခဲ့ဘူးပေါ့လေ။ ဒါပေမယ့် လုပ်ခဲ့သမျှ အလုပ်တွေက မအောင်မြင်လှပါဘူး။ ကုန်ကုန်ပြောရရင် တတ်တဲ့ ပညာလေးနဲ့ ကျောင်းဆရာ ၀င်လုပ်တာတောင် နောက်ပိုင်း တကယ့် ပညာတတ် တစ်ယောက် ရောက်လာတော့ နုတ်ထွက်ပေးခဲ့ ရတာပါ။ ဒီလိုနဲ့ တစ်ရွာသူ မစောနဲ့ အိမ်ထောင်ကျခဲ့ပါရော။ ဟော .... မစောနဲ့လည်း အိမ်ထောင်ကျရော လုပ်တတ်၊ ကိုင်တတ်၊ မြင်တတ်၊ တွေးတတ်တဲ့ မစောရဲ့ ကျေးဇူးကြောင့် အိမ်နဲ့ အိုးနဲ့ မကွာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ရာက "စောစံ" လက်ဖက်ရည် ဆိုပြီး ရွာမှာ နာမည် ရခဲ့ရာက စီးပွား ဖြစ်ခဲ့ပါတော့တယ်။ ခုဆို ဗီဒီယို ရုံကလေးတောင် အိမ်ဘေးမှာ အဆွယ်ပွား နိုင်ခဲ့ပါပေါ့။

ဒါလေး နိဒါန်း သွယ်ရတာက ကိုစံလွင်၊ မစောတို့ လင်မယားဟာ ရွာမှာ မျက်နှာဖုံးတွေ မဟုတ်တောင်မှ လူသိများတာ၊ နှံ့စပ်တာလေး ပြောချင်လို့ပါ။ အဲသလို နှံ့နှံ့ စပ်စပ် ရှိလို့လည်း လူချစ် လူခင် ပေါသလို တစ်ဖက်က လူချဉ် လူတွင် ရှိလာတာ ဓမ္မတာပါပဲ။ နော့ပေတဲ့ ပြောရရင် ချစ်ခင်တဲ့ လူက ပိုပြီး များတာကတော့ သေချာပါတယ်။ အဓိကကတော့ သူတို့ လင်မယားရဲ့ ရိုးသားမှုကြောင့်ပဲ ဆိုရမှာပေါ့လေ။ လူတိုင်းနဲ့ တည့်အောင် ပေါင်းရမယ့် လက်ဖက်ရည်ဆိုင်လို၊ ဗီဒီယို တို့လို အလုပ်မျိုးကလည်း လုပ်မိနေမှကိုး။

ဒီလိုနဲ့ တစ်နေ့တော့ ရွာအရှေ့ပိုင်းက ဦးသာဖြိုးရဲ့ သား "ကိုသာစိန်" ပြဿနာ ပေါ်ရာက "ကိုစံလွင်"ဟာ ဇာတ်ရှုပ်ထဲ ပါလာရပါလေရော။ ကိုသာစိန်နဲ့ ကိုစံလွင်ဟာ ငယ်ပေါင်းကြီးဖော် မဟုတ်ကြပေမယ့် ဦးသာဖြိုးရဲ့ ကျေးဇူးက ကိုစံလွင့်ပေါ် မှာ ရှိနေလေတော့ ကိုသာစိန် ပြဿနာ ပေါ်ပြီ ဆိုတာနဲ့ ကိုစံလွင် မနေသာ တော့ပါဘူး။ ဦးသာဖြိုးကလည်း သူတတ်နိုင်တဲ့ ဘက်က လိုက်ခဲ့ပြီးပေမယ့် မအောင်မြင်လို့ ကိုစံလွင်ဆီ အပူ လုပ်ခဲ့ပါပြီ။ ဒီတော့ "မစွမ်းရင်းက လည်းရှိ ကန်စွန်းခင်းကလည်း ငြိ" ဆိုတာလို ကိုစံလွင် တစ်ယောက် ကိုသာစိန် ကိစ္စကို ကိုယ့် ယောက္ခမ ကိစ္စလို သဘောထားပြီး ကူညီရတော့တာပေါ့လေ။
အဖြစ်က ဒီလိုပါ။

ဒီရွာကြီးဟာ ရှေးရှေး ဘိုးစဉ်ဘောင်ဆက် ကတည်းက အစဉ်အလာနဲ့ နေခဲ့ကြတာ ဆိုတော့ တစ်ရွာလုံး လိုလို ဆွေမျိုးတွေလို ဖြစ်ခဲ့ကြတာပေါ့။ ဒီတော့လည်း ထုံးစံ အတိုင်း မြန်မာဆန်ဆန် နှစ်အိမ့်တစ်အိမ်၊ နှစ်ဝိုင်းတစ်ဝိုင်း နေခဲ့ကြတော့ သူ့ စည်းရိုး၊ ကိုယ့်ခြံဝင်းရယ်လို့ သိပ်မရှိကြဘူး။ ကာချင်သလိုကာ၊ ခတ်ချင် သလို ခတ်နေကြတာပါ။ ပြဿနာလည်း ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ တောဆိုတော့ မြေကလည်း ပေါတာကိုး။ မြေယာနဲ့ ပတ်သက်လို့လည်း မက်မက် စက်စက် သိပ်မရှိလှဘူး။ ဒီနည်းတူ လယ်ယာမြေနဲ့ ပတ်သက်လို့လည်း သိပ်ပြီး လောဘ သက္ကာယတွေ မရှိလှဘူး။ နဂိုကမှ ဆွေရိပ် မျိုးရိပ်ကလည်း မကင်းကြပေတော့ ပိုနေမြဲ ကျားနေမြဲပေါ့လေ။ ဒီလိုနဲ့ ဒီဘက်ခေတ် ရောက်လာတော့ ကျေးရွာ ကော်မတီတွေ ဘာတွေပေါ်လာ။ မြေယာအဖွဲ့တွေနဲ့ စည်းကမ်းတွေ ဘာတွေလည်း ချမှတ်လာလို့ မြေယာတွေ ခြံခတ်၊ လယ်ယာတွေ သတ်မှတ် လုပ်ကြရပါတယ်။


ဒီမှာ ဖြစ်ချင်တော့ ဦးသာဖြိုးရဲ့ မြေယာနဲ့ ခြံနီးချင်း ဦးစိန်ခို မြေယာ၊ ဦးသာဖြိုးရဲ့လယ်ယာနဲ့ယာနီးချင်း ဒေါ်ဘုမရဲ့ ယာမြေ အငြိအစွန်းလေးတွေ ရှိခဲ့ပါတော့တယ်။ အဲဒီအခါမှာ ထုံးစံအတိုင်း ပြဿနာ ဖြေရှင်းဖို့ လယ်ယာ ကော်မတီဆီ ရောက်ပါတယ်။ ကျေးလက်တောရွာ ဆိုတော့ မြေပုံ ရာဇ၀င်ရယ်၊ ဘာရယ် တိတိ ပပတော့ မရှိဘူးပေါ့လေ။ ဘိုးဘွားစဉ်ဆက် မျက်မြင် သက်သေနဲ့ အထောက် အထား တချို့နဲ့ပဲ ဆုံးဖြတ် ကြရတာပေါ့။ သက်ဆိုင်ရာ ကျေးရွာလူကြီးတွေနဲ့ မြေယာ ကော်မတီကလည်း မျှမျှ တတ သဘောနဲ့ပဲ လုပ်ကိုင် ဆောင်ရွက် ပေးကြပါတယ်။ နော့ပေတဲ့ ဒီကိစ္စမျိုး ဆိုတာက မြို့ပေါ်မှာတောင် မြေယာ ရာဇ၀င်တွေ၊ စည်ပင် သာယာ မြေယာပုံစံတွေ၊ ဂရန်တွေ တိတိကျကျနဲ့တောင် မနည်း ရှင်းယူကြရတာမို့ တောမှာ ဆိုတော့ ဘယ်တိကျ နိုင်ပါ့မလဲ။ ပြောရရင်တော့ ခြံဝင်းကိစ္စမှာရော၊ လယ်ယာကိစ္စမှာပါ ဦးသာဖြိုး ဘက်က နစ်နာတယ် ဖြစ်ပါလေရော။ ပတ်ဝန်းကျင်ကလည်း ဦးသာဖြိုးဘက်က အမှန်လို့ ယူဆကြလေတော့ မီးလောင်ရာ လေပင့်ဆိုသလို ဖြစ်တော့တာပါပဲ။ တကယ်တော့ အသက်အရွယ် ထောက်လာပြီ ဖြစ်တဲ့ ဦးသာဖြိုးက တော်တော်ရယ်ပါ။ သူ့သား ကိုသာစိန်က ဆတ်ဆတ်ထိ မခံဖြစ်တာပါ။ နဂိုကမှ ဒေါသကြီးရတဲ့ အထဲ အချိန်တန် ထန်းရည် မူးတတ်တဲ့ ကိုသာစိန်ဟာ အဲဒီကိစ္စလည်း ပေါ်ရော ယမ်းပုံမီးကျ ဖြစ် တော့တာပါပဲ။ ထုံးစံအတိုင်း ထန်းရည်မူးတော့ ရမ်းတော့တာပေါ့။ ရမ်းတာမှ မြေယာ ကော်မတီဥက္ကဋ္ဌ အိမ်ရှေ့ ညကြီးသန်းခေါင် သွားဆဲတော့တာ။

ပြဿနာက ဒါပါပဲ။ နော့ပေတဲ့ မီးခဲကို ဓာတ်ဆီ လောင်းသလို ဖြစ်တော့တာကိုး။ ဒီကိစ္စက ကိုယ့်ဆွေမျိုး ကိုယ်ဆဲတဲ့ ကိစ္စ မဟုတ်တော့ဘူး။ တာဝန်ရှိတဲ့ သူကို ဖရုသ၀ါစာတိုင်းထွာတာ၊ ၀တ္တရား နှောင့်ယှက်တာ ဥပဒေအရ အရေး ယူရမယ့် ကိစ္စဖြစ်သွားပြီ။ တစ်ဖက်က ကြည့်ပြန် တော့လည်း ဆွေရိပ် မျိုးရိပ် မကင်းတဲ့သူတွေ။ ဒါပေမယ့် ခက်တာက အဆဲခံရတဲ့ ပုဂ္ဂိုလ်က တာဝန်ရှိတဲ့သူ ဖြစ်နေတဲ့ အပြင် ဘုရားလူကြီး။ အရက် သေစာ ဆိုလို့ အလွန်ကင်းတဲ့ သူ။ ဒီမှာတင် ပြဿနာက ဘူးလေးရာ ဖရုံဆင့် ဖြစ်တော့တာကိုး။ ပထမတော့ ဖခင် ဖြစ်သူ ဦးသာဖြိုးက ကျေးရွာကော်မတီ အပူကပ်ပြီး ပြေရာပြေကြောင်းသွား ပြောလို့ အဆင်ပြေ မလိုလို ဖြစ်ပါသေးရဲ့။ ဒါပေမယ့် ကိုသာစိန်က ထန်းရည်မူးမူး၊ တစ်ဖက်ဆွေမျိုး အားကိုးနဲ့ (ဟိုဘက်ကလည်း ဆွေမျိုးတွေမို့ ဒါလောက် ပြဿနာ ကြီးမယ် မထင်ဘူး ထင်ပါရဲ့) ကျေးရွာ ကော်မတီကိုပါ "ဟေ့ မဆိုင်ရင် ၀င်မပါနဲ့ ဓားစာမိမယ်"ဆိုပြီး ကြိမ်းမောင်း ပြန်တော့ ပြဿနာက ပိုရှုပ် ကုန်တာပေါ့။

နောက်ဆုံးတော့ ကျေးရွာ ရုံးမှာ ကိုသာစိန်ကို ယာယီ ဖမ်းချုပ်ပါတော့တယ်။ တစ်ရက်နှစ်ရက်နေတော့ ရွာနဲ့ မလှမ်းမကမ်းက ရဲကင်းဆီ ပို့ပါလေရော။ သဘောကတော့ နောက်တစ်ရက် နှစ်ရက်ဆို မြို့ရဲစခန်း အပ်မယ်ပေါ့။ ဒါဆို အချုပ်ရမန် ယူမှာပဲ။ ပြီးရင် လိုအပ်ရင် တရားစွဲရုံပေါ့။ အချုပ်နဲ့ ပြီးမလား။ ဒဏ်ငွေလား၊ ထောင်ကျမလား ဘယ်သူမှ မပြောနိုင်ဘူး။ လောလောဆယ် ဖြေမဆည် နိုင်တာကတော့ သူ့ အမေ (ဦးသာဖြိုးမိန်းမ) ဒေါ်ဆယ်ပါပဲ။ အဘွားကြီးက မီးယပ် ရောဂါသည်။ ကိုစံလွင်နဲ့လည်း ဆွေမျိုး တော်တယ်။ ဒီလိုနဲ့ ကိုသာစိန် ကိစ္စက ကိုစံလွင့်ခေါင်း ပေါ်ကျလာရော ဆိုပါစို့။
ကိုစံလွင်ကတော့ ဆွေရိပ် မျိုးရိပ် မကင်းတာကြောင့် ချက်ချင်း ခေါင်းညိတ်ခဲ့ပေမယ့် "မစော"က ကိုသာစိန် အကြောင်းသိမို့ ခပ်အင်အင် ပါပဲ။ ဟုတ်တယ်၊ ကိုသာစိန်က လူတစ်မျိုး။ မူးရင် ရမ်းတယ်။ မဟုတ်မခံ။ မဟုတ်မခံဆိုတာလည်း သူ့ စိတ်ထဲ မဟုတ်ရင် မခံတာ ပြောတာ။ ယုံရတာ မဟုတ်ဘူး။ တော်ကြာ "ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ" ဆိုပြီး အသားလွတ် ကိုစံလွင့်ပါ လှည့်ရမ်းရင်ဒုက္ခ။ နော့ပေတဲ့ တစ်ရွာသူဖြစ်နေတော့ မစောခမျာလည်း မပြောသာဘူး။


ဒီလိုနဲ့ မြေယာ ဥက္ကဋ္ဌဆီ သွားဖို့နေ့ ရောက်ခဲ့ပါတယ်။ "ကိုစံလွင်"အဖို့တော့ တထိတ်ထိတ်ပေါ့။ ဖြစ်ကြတာကလည်း ဟိုဘက် သည်ဘက် အမျိုးတွေဟုတ် လား။ ကိုယ့်ချင်း ကိုယ့်ချင်း ရှင်းကြရမှာ။ ခုတော့ အမျိုးချင်း ဖြစ်ပေမယ့် ကြားက လက်ဖက်ရည်သမားက ၀င်ရှင်းရမှာ ဆိုတော့ တစ်မျိုးကြီးပေါ့။ အဲ တစ်ခုတော့ ရှိတယ်။ အဲဒီတစ်ခုကလည်း အရေးကြီးတဲ့ တစ်ခု ဖြစ်နေ ပါတယ်။ ဘာလဲဆိုတော့ "မစော"ပါပဲ။ တစ်ရွာသူ ဖြစ်နေတဲ့ "မစော"ဟာ ကတ်သီး ကတ်သတ် ဆိုသလို ရှားရှား ပါးပါး။ ဒီရွာက တစ်ယောက်တည်းသော လယ်ယာ ကော်မတီ ဥက္ကဋ္ဌရဲ့ ဆွေမျိုးသားချင်း ဖြစ်နေတာပါပဲ။ နော့ဖြင့် "မစော ကိုယ်တိုင်" သူ့ဦးကြီးဆီ သွားပါတော့လားတဲ့။ ဒါတော့ မစောက လည်တယ်။ "သိပ် မျက်နှာပြောင် တိုက်လွန်းတော့လည်း လူတွေက ပေါ့တန်သွားမှာ စိုးရတယ်" တဲ့။ ဟုတ်တော့လည်း ဟုတ်ပေ သားပေါ့။ ပြီးတော့ ဒီကိစ္စ သူ့ယောက်ျား လုပ်ပေးတာ ဆိုပြီးတော့လည်း ဂုဏ်ယူချင် သေးတာကိုး။ မစောတို့ အကွက်စေ့ ပုံကတော့ ပြောမနေနဲ့တော့။ ကိုစံလွင် သွားခါနီးတော့ ဘယ်အချိန်က လုပ်ထားမှန်း မသိတဲ့ နွားနို့ခဲ တစ်ထုပ် ပေးလိုက်သေးရဲ့။ "ကျုပ် ဦးကြီးက နွားနို့ခဲ အသေ ကြိုက်တာတော့" တဲ့။ လာဘ်ထိုးတာပဲ ဆိုဆို စေ့စပ် သေချာတာကတော့ သေချာတာ အမှန်ပါပဲ။

ကိုစံလွင်ပဲ အပြော ကောင်းတာလား။ မစောရဲ့ ဆွေမျိုးရိပ်ကပဲ အေးချမ်းတာလား။ နွားနို့ခဲ ကျေးဇူးလားတော့ မသိပါဘူး။ နေ့လယ်ပိုင်းလည်း ကျရော ကိုစံလွင်နဲ့ ဥက္ကဋ္ဌကြီးတို့ နွားလှည်း တစ်စီးနဲ့ ရွာက ထွက်သွားကြတာတွေ့လိုက်ကြရပါတယ်။ ဟုတ်ပါ့။ ညနေစောင်းတော့ လှည်းနောက်မှာ ငုတ်တုတ် ကလေး ယို့ယို့ ထိုင်လို့ ခေါင်းငိုက်စိုက်နဲ့ ပါလာတဲ့ ကိုသာစိန်ကို တစ်ရွာလုံး မြင်လိုက် ကြရတော့တာပါပဲ။ အများကတော့ ကိုစံလွင့်ကျေးဇူးကြီး ပါပေါ့။ မစောကလည်း သူ့ ယောက်ျား အတွက် ဂုဏ်ယူလို့ သူ့ကိုယ်သူ ဖုံးဖုံးဖိဖိ နေပေး ရှာပါတယ်။

နောက်နေ့ မနက်လင်းတော့ စောစံ လက်ဖက်ရည်ဆိုင်မှာ ထုံးစံထက် နည်းနည်းစောပြီး လူစည်ကားနေပါရော။ ဟိုဝိုင်း သည်ဝိုင်း လှမ်းလှမ်းပြီး ပြောနေကြ တာကလည်း ကိုသာစိန် လွတ်လာပြီ ဆိုတဲ့ ကိစ္စပါပဲ။ ကိုစံလွင့် ကျေးဇူးကိုလည်း ပြောကြလေရဲ့။ မစော ကျေးဇူး မကင်းဘူး ဆိုတာလည်း အတွင်းသိတွေက တိုးတိုး တစ်မျိုး၊ ကျယ်ကျယ် တစ်ဖုံ ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ရိုးရိုး အေးအေး နေတတ်တဲ့ ကိုစံလွင်က မျက်နှာ မထားတတ်သလို၊ မ၀င့်ကြွားတတ်တဲ့ မစောက လည်း သူ့ယောက်ျား အတွက် နည်းနည်းလေး ဖြစ်ဖြစ်တော့ ဂုဏ်ယူနေမိပါတယ်။

အဲဒီအချိန်မှာပဲ ခပ်ကုပ်ကုပ် ၀င်လာတဲ့ ကိုသာစိန်ကို တွေ့လိုက်ကြရပါတယ်။ အားလုံးကလည်း ကိုသာစိန်ကို အကဲခတ်နေကြပါတယ်။ ထင်ကြတာကတော့ ကိုသာစိန်ဟာ ကိုစံလွင်၊ မစောကို ကျေးဇူးတင် စကားပြောတယ် မှတ်တာပေါ့လေ။ ဒါပေမယ့် သူ့ထုံးစံ အတိုင်း ကိုသာစိန် က ဘယ်သူ့မှ သိပ်အရေး မလုပ်ဘဲ ထောင့်ကွေးက ခုံမှာ ထိုင်ပါတယ်။ ကိုစံလွင် ကလည်း သူကြိုက်တတ်တဲ့ လက်ဖက်ရည် ချိုပျစ်ပျစ် တစ်ခွက် သွားချပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ ကိုစံလွင်ရယ် လောက်တော့ ပြောလိမ့်မယ် ထင်မိတာပေါ့လေ။ ဒါပေမယ့် ကိုသာစိန်ကတော့ မတုန်မလှုပ်ပါပဲ။ သူ့စိတ်ထဲက ကျေးဇူးတွေ တင်နေမ လားတော့ မသိနိုင်ဘူးပေါ့။ ဒါမှမဟုတ် ဒီကိစ္စဟာ ဆွေရေးမျိုးရေးမို့ ကျေးဇူးတင် စရာ မလိုဘူးလည်း ထင်ချင် ထင်မှာပေါ့လေ။ သူ့ နဂိုပုံစံကိုက ဒီလိုပဲ မပွင့်တပွင့် ဟာကို။ အဲ ထန်းရည် မမူးသေးခင် ပြောပါတယ်။ မူးရင်တော့ အော်ဆဲချင်ဆဲ၊ ဒါမှ မဟုတ် ထိုင်ရှိခိုးမှာ သေချာပါတယ်။

ဒီအချိန်မှာပဲ ဆိုင်ထဲကို ဆူဆူပူပူ အော်ဟစ်ရင်းနဲ့ လူတစ်စု ၀င်လာပါတယ်။ ကိုသာစိန်ရဲ့ ထန်းရည် သောက်ဖက် ဖိုးမောင်တို့ အုပ်စုပါပဲ။ ဆဲဖော်ဆဲဖက် တွေဆိုလည်း ဟုတ်ပါ့ပေါ့။

"ဟေး ဘော်ဒါကြီး"

"ဟေး ဆူပါမင်း"

"ဟေး သူရဲကောင်းကြီး"

စသဖြင့် ချီးကျူး အော်ဟစ်လာကြပါတယ်။ ဟုတ်ပါ့ ကိုသာစိန်ကို ပေါ့လေ။ သူတို့ အရက် စောစော သောက်လာကြပုံ ရပါတယ်။ ကိုသာစိန့် စားပွဲမှာ ၀ိုင်းထိုင် လိုက်ကြပါတယ်။

"ညနေ ထန်းတောမှာ သူရဲကောင်းကြီးကို ဂုဏ်ပြုပွဲ လုပ်ရမယ်" သံသေး သံကြောင်တွေနဲ့ အော်ဟစ်ကြပါတယ်။ ကိုသာစိန်က "ကျုပ် မနေ့ကမှ အချုပ်က လွတ်တာ သောက်ဆံ မရှိဘူး"ဆိုတော့ "ဟာ ငါတို့က ဂုဏ်ပြုရမှာပါကွာ"တဲ့။ ဒီကြားထဲ "ရွှေမျိုး မျက်နှာမို့ လွတ်တာပါကွာ။ ဘယ်သူ့မှ ကျေးဇူးတင် စရာ မလိုဘူး" ဆိုတဲ့ စကားတစ်ခွန်းကလည်း ဘယ်သူ့ဆီကမှန်းမသိ ထွက်လာပါတယ်။

ဆိုင်ထဲ ရှိနေကြတဲ့ သူ တွေက တအံ့တသြ ဖြစ်ကုန် ကြတယ်။ ဒီအချိန် ဒီအခါ ဒီဆိုင်ထဲမှာ ဒီစကားမျိုး ကျယ်ကျယ် လောင်လောင် မပြောသင့်ဘူး ဟုတ်လား။ တစ်ဆိုင်လုံး တိတ်သွားပြီး ကိုသာစိန် ဘာပြောမလဲ စောင့်နားထောင် နေကြတယ်။ အဲဒီ တဒင်္ဂမှာပဲ ဘယ်လိုမှ မထင်မှတ်တဲ့ ထောင့်ကနေ အသံတစ်သံ ထွက်လာ ပါတယ်။

ဘယ်လိုမှ မထင်မှတ်တဲ့ တစ်ရွာသူ မစောဆီက ဖြစ်နေတာမို့လည်း ပိုအံ့ သြရတာပါ။ ဘယ်တုန်းကမှ ဆွေမျိုးအုပ်စု တောင့်တဲ့ ဒီရွာမှာ စကား မဟဘူးတဲ့
မစော...။

"ဒီမယ် ကိုဖိုးမောင် ရှင်တို့ တယ်လည်း သတ္တိကောင်းပါလား။ ဘာသူရဲကောင်းလဲ၊ ဘာဂုဏ်ပြုမှာလဲ။ ဟင် ဟော့ဒီ ကိုသာစိန် အချုပ်ကျနေတုန်းက ရှင်တို့ သူ့ အိမ်သွားပြီး ဘကြီးဦးသာဖြိုးကို အကူအညီ ပေးဖူးသလား။

သူ့အမေ ရောဂါသည် ဒေါ်လေးဆယ်ကို အားပေးဖူးလား။ ကုန်ကုန် ပြောမယ်။ အမှုပတ်မှာ စိုးလို့ ကျုပ်တို့ လက်ဖက်ရည်ဆိုင်တောင် လာမထိုင်ရဲဘူး မှတ်လား။ ကိုင်း အားတော့ နာပါရဲ့၊ ရှင်တို့ အုပ်စု ခုချက်ချင်း ကျုပ် ဆိုင်ထဲက ထွက်တော်မူကြပါ၊ ကန်တော့ပါသေးရဲ့"

တကယ်တော့ ကိုသာစိန်ရော ကိုဖိုးမောင်တို့ အုပ်စုပါ ဆိုင်ထဲက ထွက်မသွား ကြပါဘူး။ ကိုစံလွင်ကလည်း သူ့မယား မစောကို ဖျောင်းဖျ ပါတယ်။ မိတ်ပျက်မှာ စိုးလို့ မဟုတ်ပါဘူး။ ကိုယ့်ဆွေမျိုးတွေ မဟုတ်လား။ အမြဲတွေ့ နေရမယ့် မျက်နှာတွေ မဟုတ်လား။ ပြီးတော့ ဆွေမျိုးတွေရယ်လို့ မျက်နှာစုံညီ တွေ့ကြ ရတာ ဆိုလို့ မနက်ပိုင်း ဒီ လက်ဖက်ရည်ဆိုင်နဲ့ ညနေပိုင်း ထန်းတောရယ်ပဲ ရှိတာဟုတ်လား။

ဟုတ်ပါရဲ့။ မနက်ပိုင်း စောစံ လက်ဖက်ရည်ဆိုင်မှာ လူစည်ခဲ့သလို ညနေပိုင်းမှာလည်း ထန်းတောမှာ ကိုသာစိန် ဂုဏ်ပြုပွဲဆိုပြီး လူစည်ခဲ့ပါလေရဲ့။
ကူညီခဲ့သူတွေရော၊ အမှုပတ်မှာ ကြောက်လို့ ရှောင်နေတဲ့ သူတွေရော၊ တရားလို ဘက်ကရော၊ တရားခံဘက်ကရော စုံလို့ပါပဲ။
သြော် ဆွေမျိုးတွေ ဆိုတော့။


သုမောင်