ideal

Sunday, May 23, 2010

ပါတီသစ် ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်းခဲ့ကြသည်။

NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။

“လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။

YOU R MY HERO

written by white hill

U r my hero (Daw Aungsan Sukyi)
U r the star for us.
U also has a diamond head and silver brain and safety wings.......

Once a gain U r my HERO......

but anty su,you should build yours country by yourself.please don't forget history of myanmar last 100years.
written by aung, May 18, 2010
please don't forget last 100years

NLD နှစ်ခြမ်း ကွဲတာ မဟုတ်ပါ။

written by Tayza Aung
NLD နှစ်ခြမ်း ကွဲတာ မဟုတ်ပါဘူး။ NLD ရဲ့ ရပ်တည်ချက်တွေကို မလိုက်နိုင်ေ တာ့တဲ့ လူအနည်းငယ်က NDF ဆိုပြီး
သီးခြား ပါတီထောင်တာပါ။ ၁၉၉၅ ခုနှစ် တုံးကလည်း ဒေးဒရဲအမတ် ဦးသန်းထွန်း ဦးဆောင်ပြီး G(7) အုပ်စုဆိုတာ
ပေါ်လာ ခဲ့တာဘဲ။ NLD ရဲ့ ရပ်တည်ချက်တွေကို မလိုက်နိုင်တော့တဲ့ လူ အနည်းငယ်က( G-7) နအဖရဲ့ အမျိုးသားညီ
လာခံကို သွားတတ်ခဲ့တာပါဘဲ။ အဲဒီအချိန်တုံးက NLD ကွဲတယ်လို့ ဘယ်သူမှ မယူဆခဲ့ကြပါဘူး၊ ဘာကြောင့်လဲ
ဆိုတော့ လူနည်းစုလေးက ပါတီ တစ်ခုလုံးရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး သူတို့ အယူအဆနဲ့ သူတို့ လုပ်သွားကြလို့ပါ။
ယခုလည်း NDF ဆိုတာ G(7) လိုပါဘဲ။ NLD ပါတီတစ်ခုလုံးရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး သူတို့ အယူအဆနဲ့ သူတို့
လူနည်းစုေ လးက NDF ဆိုတဲ့ ပါတီလေးကို ထောင်လိုက်တာပါ။ ဒါကြောင့် NLD ပါတီကြီးဟာ နှစ်ခြမ်း ကွဲတယ်လို့
ယူဆလို့ မရပါဘူး။ ပါတီ နှစ်ခြမ်း ကွဲတယ် ဆိုတာဟာ အဲဒီပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ သဘောထား ကွဲကြမှ ဖြစ်လာတာပါ။ NDF ပါတီမှာ ပါကြတဲ့ ခေါင်းဆောင်တွေဟာ ၊NLD ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ မဟုတ်ကြပါ
ဘူး။ ဒုတိယတန်း ခေါင်ဆောင် အချို့ ဖြစ်ပါတယ်။

written by yangonthar,
အနှစ်(၂၀)လုံး.. နိုင်ငံရေး ဦးဆောင်မှုကို ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့.. NLD.. တစ်ခုခုတော့ လုပ်သင့်တာ.. အမှန်ပဲ.. လူမှုရေးအဖွဲ့ အနေနဲ့ ရပ်တည်မယ် ဆိုတာတော့... ရီစရာကြီး..

...
written by Min Min, May 17, 2010
စကား စစ်ထိုးခေတ် ကုန်ပြီ။

မျှော်လင့်လျှက်
written by မှန်ပါတယ်, May 17, 2010
ဟုတ်ပါတယ် ပါတီ တခုအနေနဲ့တော့ အပြစ် တင်သင့်တယ် ဒါပေမယ့် ဒီမိုကရေစီ အရတော့ သူလုပ်ချင်ရာ လုပ်တာကို မတားကြပါဘူး။ အဲဒါ အမှန်ပဲ။

ကိုယ့်ရဲ့ ပါတီဝင် တယောက် အနေနဲ့ ဒီပါတီရဲ့ လူအများစုရဲ့ သဘောထားကို မလေးစားပဲ ပါတီ သပ်သပ် ထောင်တယ် ဆိုတာ ဒီပါတီ အနေနဲ့ ကြည့်ရင် အပြစ်တင်ရမှာပါပဲ။ ဒါပေမယ့် ဒီမိုကရေစီအရ သူ့ဘာသာသူ ဒီလမ်း သွားတာပဲ တားလို့မရပါဘူး။
စဉ်းစားလို့ မရတာက သူတို့တွေလည်း ပညာတတ် အတွေ့ အကြုံ များတဲ့ သူတွေပါ။ ဘာလို့ ဒီလောက် လွယ်တဲ့ လှည့်ကွက် ပေါ်မှာ ဒီဆုံးဖြတ်ချက် ချတာလည်း ဆိုတာပါ။ အရေးပါတာက သူတို့ လုပ်ချင်တာ လုပ်သွားတာကို အမေစုရဲ့ ပါတီပါ ဆိုပြီး မဲ မဆွယ်ဖို့ပါ။ ကျွန်တော်ကတော့ အဲဒီ အရိပ် အရောင်တွေ မြင်တယ်။
ဗမာပြည်ကြီးကို လမ်းမှန်ပေါ် ပြန်ဆွဲတင်ပေးမယ့် ခေါင်းဆောင်ကောင်း လက်ထဲ မြန်မြန် ပြန်ရောက် စေချင်တယ်......

အသိုက်ပျောက်မယ်။
written by Htay Tint, May 17, 2010
အာဏာရှင်ကြီး အိမ်ဆောက် နေတာကို ရသလောက် ယူမယ် ကျွေးသလောက် စားမယ် ပေးသလောက်ယူမယ် ဆိုသူတွေ သတိ ထားကြ ။ အိမ်ပြီးရင် စွမ်းအားရှင် ဝါးရင်းတုတ်နဲ့  ခြံထဲက မောင်းထုတ် ခံရတော့မယ် ။
http://www.youtube.com/watch?v...

တတ်လဲ တတ်နိုင် ပါတယ်
written by aung tu, May 17, 2010
ကိုယ် သဘောနဲ. မတိုက်ဆိုင်လို. သီးခြား ပါတီ ထောင်တာ ဒီမိုကရေစီ မဟုတ် ပြန်ဘူးလား

written by Nyein, May 17, 2010
ဒီအပေါင်းပါတစု ဘာဖြစ်လို့များ အန်အယ်လ်ဒီ ထဲမှာ ပါလားကြသလဲ မသိဘူး။

အော် ဒါ ဒီမိုကရေစီ မဟုတ် ပြန်ဘူးတဲ.လား
written by aung thu, May 16, 2010
တတ်လဲ တတ်နိုင်ပါတယ်

ပြည်သူလူထု အကျိုး အတွက် လက်တွေ့ ကျတဲ့ နည်းလမ်း
written by မြင့်လွင်, May 16, 2010
ပြည်သူလူထု အကျိုး အတွက် ကူညီတဲ့ လူမူရေး ကိစ္စမှန်သမျှ အကောင်းချည်း ပါပဲ။ မွန်မြတ်တဲ့ လုပ်ရပ်ပါ။ ဒီလိုကူညီဖို့  ငွေ၊ နည်းပညာ၊ အထောက် အပံ့ တွေလိုပါတယ်။ လူထု အနဲစုကနေ အများစု လူထုကြီး တစ်ရပ်လုံးကို သေသေ ချာချာ ရေရှည် အကျိုးပြုချင်ရင် လွှတ်တော်ထဲမှာ ပြည်သူတွေ အတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နယ်ပယ်တွေမှာ ပိုမို ကောင်းမွန်တဲ့ ဥပဒေတွေ ပြုနိုင်တဲ့ အခြေ အနေ ရအောင် ကျိုးစားတာက အကောင်းဆုံးနဲ့ လက်တွေ့ နဲ့ အနီးစပ်ဆုံးပါ။

သူတို့ တကယ် ကွဲလေပြီ
written by စိတ်မကောင်းသူ, May 15, 2010
NLD တကယ်ကွဲလေပြီ အကွဲ အပြဲ ဇာတ်လမ်းတွေ မြင်ရတော့ မြန်မာ့ သမိုင်းထဲက အကွဲ အပြဲတွေကို ပြန်သတိရမိတယ်
ဝမ်းနည်းဖို့ ကောင်းတယ်ဗျာ ရှက်စရာလည်း ကောင်းတယ် စစ် အစိုးရကတော့ လက်ခုတ် တီးနေလိမ့်မယ်

နအဖအကြောက်ဆုံး နိုင်ငံရေးဦးဆောင်� ��ူ
written by Ougkar, May 15, 2010
ဒီလောက် ထက်မြတ်တဲ့ ခေါင်းဆောင်ကို နှစ်ပေါင်းများစွာ ထောင်ချထားတယ် ဘုမသိ ဘမသိတဲ့ လူတွေက တိုင်းပြည်က ဦးဆောင်တယ် မိုက်လိုက် တာကွာ ဒီလို ဦးနှောက်ေ တွ လောက်ကတော့ 2010 မပြောနဲ့ 21000 လည်းတိုင်းပြည် တိုးတက်မှာ မဟုတ်ဘူး

လေးစားပါတယ်....
written by တောင်ပေါ်သား, May 15, 2010
အန်တီစုရဲ့ နိုင်ငံရေး အမြင်ကို ယုံကြည် ပါတယ်.. လေးစား ပါတယ်...
တကယ်သာ ပြန်လွတ် လာခဲ့ရင်... ပါတီ မရှိလဲ အန်တီစု နိုင်ငံရေး လုပ်နိုင်တယ် ဆိုတာ ယုံကြည်တယ်..
NLD ၂ဖွဲ့ ကွဲအောင် အစိုးရ က လုပ်နိုင်ခဲ့ပြီ...
အခုတော့ ဘယ်သူတွေက ပါတီနဲ့ အန်တီစုပေါ် သစာ ရှိတယ် မရှိဘူးဆိုတာ အခု သိရပြီပေါ့ဗျာ...
အခု ပါတီ ခေါင်းဆောင် ဖြစ်တဲ့ အန်တီစုနဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ သူက..
ဘယ်လိုလုပ် နိုင်ငံကို ဦးဆောင်နိုင်မှာလဲ... သူကိုတိုင်က လိုက်နာမှု၊ နာခံ တတ်မှုမှ မရှိတာ..
ပြည်သူတွေက လက်ခံ ထားတဲ့ ပါတီ တစ်ခုဘဲ ရှိတယ် .. အဲ့ဒါက အန်တီစုနဲ့ NLD

written byုKOKOHTAY, May 15, 2010
အခုတလော ဦဉာဏ်ဝင်းပြောတဲ့ ဒေါ်စုရဲ့မှတ်ချက် ဆိုတာ တွေကိုဘယ်လို အတည်ပြု နိုင်မလဲ။ ဟိုတစ်ခါ ထိုင်း အခြေခံ ဥပဒေ ကိစ္စ တုန်းကလည်း သူ့ အာဘော်တွေ ထည့်ပြီးေ ပြာမိလို့ ရှင်းရပြီးပြီ။

မီးပုံးပျံလွှတ်ပွဲ
written by Thazin Pyu, May 15, 2010
လွှတ်သာ ပေးလိုက်ပါ ခင်ဗျား-- -- -နောက်ဆုံး စစ်အစိုးရရဲ့ အသုံးချခံ ဘ၀နဲ့ ပြည်သူ့ တံထွေးခွက် ပက်လက်မှောက်ခုံ စုံဆန်မျောရမယ့် လူတွေပါ-- -NLD ဆိုတဲ့ မီးဇာ အရှိန် လေးနဲ့ ကြွတက်နေတဲ့ မီးပုံးပျံတွေပါ-- သူတို့ကို ပြည်သူတွေက သမိုင်း အမှိုက်ပုံထဲ ပို့လိုက်ြ ကပါလိမ့်မယ်-- အချိန် တန်တော့ မြောင်းထဲ ပြုတ်ကျမှာ မြေကြီးလက်ခတ် မလွဲပါဘူး ခင်ဗျား-----

written by မောင်မြန်မာ, May 15, 2010
အမျိုးသား ဒီမျုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ မအောင်မမြ င်ဖြစ်ကြရတဲ့ ကိစ္စတွေမှာ
ဒီလို အများသဘော တူ ဆုံြး ဖတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို သဘော မတူတဲ့ အနည်းစုက ကိုယ့်ဆုံးဖြ တ်ချက် နဲ့
ကိုယ်လုပ်တာ တွေရှိ့လို့ြေ ပာမယ်ဆို ရင်ရပါတယ်။ နဝတ-နအဖ စစ်အုပ်စြုေ ကာင့်တင်မဟုတ်ဘဲ စစ်အုပ်စု
အလိုကျ လုပ်လိုသူ၊ သွေးကြောင်သူေ တွရဲ့ လုပ်ရပ်အမှားတြွေေ ကာင့်ဖြစ်တယ်။ ဒီကနေ့ပွဲရဲ့ အမြတ်ကတော့
အရောင်တွေကို ထင်ထင်ရှားရှား မြင်လိုက်ရတာပါ။ မှားမှန်း သိသိနဲ့ တွင်းတူး မိုက်ချင်တဲ့ သူတွေ အတွက် ရှေ့မှာ
နေရာ မရှိပါဘူး။ NLD ကမြောင်းထဲ မရောက်ဘဲ
သူတို့ရဲ့ "အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)" ပဲ မြောင်းထဲကနေ တွင်းထဲ မရောက်အောင် ကျိုးစားကြပါ။

written by win maw, May 15, 2010
ဗမာပြည် အတွက် အမေစုက မရှိ မဖြစ်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ အမေ ကျန်းမာပါစေ။ ငှက်ကလေးတွေ လွပ်လပ်စွာ ကောင်းကင်မှာ ပျံသန်းနိုင် သလို အမေလဲ
အချုပ် အနှောင် ကင်းစွာ ဗမာ ပြည်သူ ပြည်သားတွေ အတွက် ဒီမိုကရေစီကို ရှာဖွေေ ပးနိုင်ပါစေ။

smart Burma daughter
written by Tuumar, May 15, 2010
She is very smart. She always forsee ahead of the time.
I really envy her.
Long Live Daw Aung San Suu Kyi!!!!

Definition of democratic majority rule should be re-defined
written by Myo Chit, May 15, 2010
Majoritarianism (as a theory), similar to democracy, has often been used as a pretext by sizable or aggressive minorities to politically oppress other smaller (or civically inactive) minorities, or even sometimes a civically inactive majority. (See http://en.allexperts.com/e/m/m...ianism.htm)
According to this widely accepted definition, majoritarianism is similar to democracy, but not democracy as it tried to oppress the other smaller minorities. We should be careful to judge whether DSSK's definition on democracy is correct. NDF came to exist after the announcement of the NLD not to function as a political party which is its main objective. Rather, NLD opts to follow the body politics as described by U Win Tin. This means NLD no longer exists as a political party and NDF will come to exist after NLD decleared a unornimous decision of not registering under the junta prescribed law. I respect the senior members of NLD, but their attitute on NDF is strange. It is something like "we don't accept you if you don't agree with us". This is a form of oligarchy. Not a democracy. Is there some experts who can explain us the real concept of majority democratic decision making process and the differences between Majoritarianism and Democracy? I hope our Myanmar authors to do more research on this and educate us "Myanmar" in the right way. It is very confuse to hear such accusation in a simple manner.

discuss
written by nay myo, May 14, 2010
Now what we do for coming election? NLD will not participate and strike this unfair election, then SPDC like for this decision and how to think this is the trap for NLD? MIlitary govenment have the 25 % of senator automatically and now they will compete for other 25 and above seats. Then others need to unite and consolidate each other.There are now 28 parties registered for election and if each party have little bit seat in senate, how to make the policy of future nation.? The decision making is depend on military votes. So we should consider for this election and most of the opponents need to consolidate. But now the major oppnent party seperate as like, the public cannot decide and have the doubt for future.
who take care security of public?
NLD need to have the future plan for striking.

ပာတီထောင်တာ မထောင်တာ သူ့အခွင့် အရေးပာ
written by Thet Naing, May 14, 2010
ပါတီ မထောင်တာ သူ့လွတ် လပ်ခွင့် ဖြစ်သလို၊ ပါတီထောင် တာလဲ သူ့ အခွင့်အရေးပဲ။ အဲ.. NLD နာမည်ကိုတော့ မသုံးနဲ့

ကိုယ့်ကိုကိုယ် ပြန်ကြည့်သင့်, Low-rated comment [Show]

They should wait until Daw Suu free !
written by Shahrukh Kyaw, May 14, 2010
There is no choice that does not wait for crazy power .They can not decided that it is possible or not .As a educated , they should know that their decision is true or not . If they want to do something , they should take advice from Daw Suu , democracy icon . They must respect the leader decision .I am too wonderful for their choice . What is the most important , unity and shameless ?If they become the Hluttaw delegates , they can not change a little under the law of 2008 constitution .

So , their decision is 75 % not sure because of the janta will take 25 % plus free sets .Only the decision of Daw Suu is the best choice .That is universal true for Myanmar public .

အားလုံးကွဲ
written by yeeyee, May 14, 2010
စစ်အစိုးရ လုပ်ချက်ကတော့ ကန်းကုန်တယ်။ ပြည်တွင်းပြည်သူ့ အင်အား ကလည်း အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဖန်တီးတယ်။ နယ်စပ်လက်နက် ကိုင်များကိုလည်း အမွှာမွှာ ဖြစ်အောင် ခွဲတယ်။ အင်း မကြာခင် မင်းတို့ အလှဲ့လာတော့
မယ်နော်။

ထောက်ခံပါသည်

written by Nay Min,
ရဲရင့်သော ဆုံးဖြတ်မှု.များကို လေးစားစွာ
အပြည့်အ၀ ထောက်ခံပါသည်။

ဒေါ်အောင်ဆန်း စုကြည်က ပါတီသစ် ခွဲထောင်ခြင်း အပေါ် ဝေဖန် လိုက်ခြင်းကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က တနင်္လာ နေ့တွင် ကာကွယ် ပြောဆို လိုက်သည်။

NLD အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့တွင် ဦးဉာဏ်ဝင်းမှ တဆင့် ဝေဖန်ပြောဆိုလိုက်ပြီးနောက် NDF ၏ တုံ့ပြန် ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

[ဒေါက်တာ သန်းငြိမ်း]

ဒေါက်တာ သန်းငြိမ်း

“NLD တရားဝင် ပျက်ပြယ်သွားတဲ့ အချိန်မှသာ ကျနော်တို့က ပါတီသစ် ထောင်တာပါ၊ တဦးချင်းအနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့် ရှိပါတယ်၊ ဒီမိုကရေစီ သမားတဦးအနေနဲ့ ဒေါ်စု ကျနော်တို့အပေါ် နားလည်သင့်ပါတယ်” ဟု NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပြောသည်။ ဒေါက်တာသန်းငြိမ်းက ဒီမိုကရေစီအရေး ဆောင်ရွက်ရန် ပါတီတရပ် ရှိရန်လိုသည်ဟု ယုံကြည်ထားသည်။

NLD က ပါတီမှတ်ပုံ မတင်ခြင်းသည် အများသဘောတူ လက်ခံထားသည့် ဆုံးဖြတ်ချက် ဖြစ်သောကြောင့် ပါတီသစ် ခွဲထောင်ခြင်းအပေါ် သဘောမကျကြောင်း ဦးဝင်းတင်က ပြောသည်။

NDF သည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရုံးဖွင့်လှစ်ထားပြီး ရှေ့သီတင်းပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် လျှောက်ထားမည်ဟု သိရသည်။

ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက NDF ခေါင်းဆောင်များသည် NLD မဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံရေး ရည်မှန်းချက်များကို NDF က ပါတီသစ်အနေဖြင့် ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောလာခြင်းအပေါ် ဒေါသဖြစ်မိသည်ဟု ပြောသည်။

တချို့ကလည်း NDF ကို ခေါင်းဆောင်သည့် ဒေါက်တာသန်းငြိမ်းသည် ရာထူးမှ ဖြုတ်ချခံရသည့် ယောက်ဖဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် တွေ့ဆုံခဲ့သည်ဟု စွပ်စွဲ ပြောဆိုမှုများ ထွက်ပေါ်နေသည်။

“၁၉၈၈ ကတည်းက ခင်ညွန့်နဲ့ တခါမှ မတွေ့ဖြစ်ပါဘူး၊ အထောက်အထားရှိရင် သက်သေ ပြစေချင်ပါတယ်” ဟု ဒေါက်တာသန်းငြိမ်းက ငြင်းဆိုသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် ရန်ကုန်မြို့သို့ လာရောက်သော သတင်းကို အစိုးရထုတ် သတင်းစာများတွင် ဖော်ပြရာ၌ NLD ကို နိုင်ငံရေး ပါတီဟောင်း ဟု သုံးစွဲ ပြောဆိုထားသည်ကို တွေ့ရသည်။

သို့သော် NLD ထိပ်တန်း ခေါင်းဆောင် ဦးဝင်းတင်က စစ်အစိုးရနှင့် ထိပ်တိုက် မတွေ့လိုသောကြောင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ အစည်းအဝေးထိုင်ခြင်းများ မရှိစေကာမူ NLD သည် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

ယနေ့အထိ နိုင်ငံရေးပါတီပေါင်း ၃၈ ဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ရန် လျှောက်ထားပြီး ပါတီ ၁၇ ဖွဲ့ကို မှတ်ပုံတင်ခွင့် ချထားပေးပြီး ဖြစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Comments (24)Add Comment
0
လက်တွေ့ပဲ ကြည်မယ်ဗျာ
written by soemoe, May 20, 2010
နိုင်ငံအကျိုးပြုလုပ်ငန်းများကို လက်တွေ့ ထိထိ ရောက်ရောက် လုပ်ဆောင်သူ ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ထောက်ခံပါတယ် အဲ. . . ကိုယ်ကျိုးရှာသမား ဆိုရင်တော့ အီရတ်သမ္မတ ဟူစိန်လို ဇာတ်သိမ်း မလှဖြစ်သွားမယ် ဆိုတာ သတိပြုပါ
0
ဝေဖန်ချက်
written by ဘေလုဝ, May 20, 2010
မြင်း စီးပြီ အထီးလား အမလား မသိမဲ NDF ပါတီ လုပ်ပေါ့။ နောက်မ နောင်တရမည်။
0
...
written by yarzar, May 19, 2010
ကြိုတင်အပုတ်ချကြတာတွေ စောနေပါသေးတယ်. စောင့်ကြည့်လိုက်ပါဦး... သူတို့မှာ တစ်ခုခု ကြိုးစားဖို့ အခွင့်အရေး ရှိပါတယ်.. မကောင်းရင်.. အသုံးမကျရင်.. ပင်းစားနေရင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါ.. ရွေးကောက်ပွဲဝင်တာ နအဖကို ထောက်ခံတာလို့ စွပ်စွဲသူတွေကိုမေးချင်ပါတယ်.. ခင်ဗျားတို့အိမ်ကို ဓါးပြဝင်ပြီး ရှိတာ အကုန်ထုတ်လို့ သေနတ်ချိန်ပြီး အပြောခံရတဲ့အချိန်မှာ ခင်ဗျားက မတရားမှုကို လက်မခံဘူးဆို ခင်ဗျားပြောမလား ကြည့်ချင်တယ်.. ဓါးပြတိုက်ခံရလို့ ရှိိတာ ထုတ်ပေး တဲ့သူကို ခင်ဗျားတို့က ဓါးပြကို အားပေးထောက်ခံသူ လို့ စွပ်စွဲသလိုဖြစ်နေတယ်.. သေနတ်နဲ့ချိန်ထားတဲ့ ဓါးပြကို သေနတ်ရှိမှ ပြန်ချလို့ ရပါတယ်.. ဒါအရှိတရားပဲ.. နအဖက ဘယ်သူမှ ဝင်မပြိုင်လေ ကြိုက်လေပဲ ဆိုတာ သိထားသင့်တယ်.. ရွေးကောက်ပွဲမဝင်ကြနဲလို့ ခင်ဗျားတို့ကအော်နေချိန်မှာ နအဖက ဘယ်လောက် ပီတိတွေဖြာနေမယ်ဆိုတာကို မမေ့သင့်ဘူး.. ရွေးကောက်ပွဲမဝင်ကြနဲလို့ ဝင်အော်နေသူတွေထဲမှာ နအဖက လူတွေ ဘယ်လောက်ပါနေမယ်ဆိုတာ ခင်ဗျားတို့ တွေးမိလား.. အရှိတရားကို မျက်ကွယ်ပြုရင် လိုရာခရီးမရောက်နိုင်ပါ.. စိတ်ကူးယဉ်ကမ္ဘာထဲမှ နေရင် သေသွားရုံပဲ ရှိပါမယ်..
0
မြန်မာဟု ခေါ်သည်
written by ကိုကို, May 19, 2010
ဒါ မဆန်းပါဘူး။ မြန်မာမှန်သမျှ ဒီလိုတွေပါပဲ ။ ဒါကြောင့် မြန်မာနိုင်ငံ မွဲတာ။
smilies/cry.gifsmilies/tongue.gif
0
ဟီးဟီး..
written by Burmese, May 19, 2010
ဒေါက်တာသန်းငြိမ်းအတွက် ခုံတစ်ခုံ၊ တစ်နေရာဖယ်ပေးထားတယ်...။ လွှတ်တော် တံခါးပေါက်နားမှာ... တံခါးစောင့်တာဝန်ပေါ့ဗျာ..။ အမတ်နေရာကတော့ သိတဲ့အတိုင်း စစ်သား ၂၅% နဲ့ ကြက်ဖွတ် ၇၅% ဆို တော့...အင်..ခင်ဗျား တံခါးသာစောင့်ပေတော့ဗျို့ .။
0
...
written by soekoko, May 19, 2010
ဥိးသန်းငြိမ်းကရော ခင်ညွန့်နဲ့ မတွေ့ဖြစ်တဲ့အကြောင်း ဘယ်လို သက်သေပြချင်ပါသလဲခင်ဗျ။
ဒါမှမဟုတ် မတွေ့ဘူးဆိုပေမယ့် ဖုန်းနဲ့ ဆက်သွယ်ဖြစ်တယ်လို့ရော ယူဆလို့ ရပါသလားခင်ဗျာ။
0
ပြည်သူ့အတွက် ကြည့်စေချင်
written by ဒီဘားမား, May 19, 2010
NLD မလုပ်နိုင်တာကို အကြောင်းပြပြီး ခေါင်းဆောင်ဖြစ်ချင်လို့လား. .ပြည်သူကို ကယ်တင်ချင်လို့လား..စမ်းစစ်ပြီးမှ ဆက်လျှောက်လှမ်းစေချင်သည်။ မြန်မာပြည်မှာ ဒေါ်စုလို ရှေ့ဆောင်ကောင်းနေစဉ်မှာ သူ့နေရာကို အစားထိုးချင်တယ်ဆိုရင် တသက်လုံး နိုင်ငံရေး ဇါတ်ခုံကနေ တိမ်မြုပ်သွားမှာပါ. ပြည်သူ့အတွက် လုပ်ပေးချင်တယ်ဆိုရင် ဒေါ်စု၊ ဦးမင်းကိုနိုင်၊ ဦးဇာဂနာ နဲ့ ဦးကျော်သူတို့ကို အရင် ကြည့်လိုက်ပါအုံး. သူတို့ထက်ကောင်းတဲ့ စွမ်းရည်ရှိရင်တော့ NDF လူကြီးမင်းများ ကို ပြည်သူများက ကြိုဆိုနေမှာပါ.
0
Situation Analysis
written by Milex, May 19, 2010
We could see three parties: Junta, Oppositions & People. What people need is a leading political group with (1) unity & (2) sufficient capacity.

Junta replaces unity with "hierarchy". They don't have sufficient capacity for civil administration but run the country via existing resource persons.

Can opposition parties compete with Junta by fulfilling above 2 points simply? Then people would back up that unified one.

(1) Opposition parties would practise democracy among themselves; sitting around the table, recognising each other parties and elect people for a new governing body. If that step could not be complete, it is still too far to talk about "unity" which is essential to compete with Junta.

(2) Capacity: There are a lot of intelligent and well experienced ones and new generation with political knowledge in opposition groups. But they never have a chance to exercise administrative operations sufficient enough to run a country once they receive the power from Junta. How can convince the people with this point?

Welcome discussions!!
Milex
0
လွတ်လပ်စွာ သဘော်ထား ကွဲလွဲပိုင်ခွင့်ေ� ��ာ့ ရှိပါတယ်...
written by စိတ်, May 19, 2010
လွတ်လပ်စွာ သဘော်ထား ကွဲလွဲပိုင်ခွင့်တော့ ရှိပါတယ်...

နိုင်ငံနဲ့.. .ပြည်သူတွေ အတွက်.. အကျိုးပြု ပါတီ ဆိုရင်တော့.. ..ထောက်ခံ အားပေးဖို့ အဆင့်သင့် ပါပဲ .......
0
ဒါပဲနော်၊ အဲဒါ မမေ့ကြေး
written by Tuumar, May 19, 2010
NLD မဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံရေး ရည်မှန်းချက်များကို ပါတီသစ်က လုပ်ပေးမယ် ဆိုလို့ စိတ်တော့ ဝင်စားသား။ NLD လိုတော့ မထောက်ခံနို င်သေးဘူး။ လူတွေကို NLD ဟောင်းတွေအနေနဲ့ သိပေမယ့် ဘာတွေမှန်း ဘယ်လိုလာမယ်မှန်း မသိသေးလို့။
အားလုံး ပြောနေကြ သလိုပဲ NLD ကခွဲလာတာ NLD ကိုယ်စား ဆိုတာတွေ မပြောပဲ၊ ကိုယ့်ခြေပေါ် ကိုယ် မားမားမတ်မတ် ရပ်ပြီး ကျွန်တော်တို့ NLD နဲ့ ဘာမှ မပတ်သက်ပါဘူး။ NLD ပါတီဝင် မဟုတ်တော့ပါဘူး၊ ရဲရဲရင့်ရင့် ကြေညာပြီး မဲဆွယ်ပါ။ လူထုအတွက် အလုပ် လုပ်ပြပါ။ အားကိုးစမ်း ပါရစေ ဆရာတို့ရယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် ပိနေတဲ့ တာဝန် ထုပ်ကြီး ကြည့်ပြီး သူ့ကို သနားလွန်းလို့ နည်းနည်း လောက် ဝင်ကူပေး လိုက်ပါဦး။ (သူ့လိုတော့ တိုင်းပြည်နဲ့ လူထု အတွက် တကယ် အနစ်နာခံ၊ စံပြ အလုပ် လုပ်ရမယ်နော်)
0
ဖြစ်ရမယ်
written by ဖြစ်ရမယ်, May 19, 2010
မုန့်ဆီကြော် ဘယ်ဆီ နေမှန်း မသိသေးဘူး နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာလို ဖြစ်နေပြီ ထင်တယ်။ အင်းလေ... ဒါမျိုးတွေက လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ ကထဲက ရှိနေခဲ့တာ ဆိုတော့ ဆန်းတော့ မဆန်းပါဘူး။
အဲဒါ ဗမာကွ .... အဲဒါမှ ဒို့ဗမာ လို့သာ ကုန်းသာ အော်လိုက် ချင်တယ်ဗျာ...။ ဘယ်သူမှန်တယ် မှားတယ် ဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ အခုလို သွေးကွဲတာတွေ တွေ့ရတော့ စိတ် မကောင်းဘူးဗျာ.... ဒီလိုပုံနဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ ဆိုတာ... အင်း ...... ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုသလို ကျည်ပွေ့သာ အတက် ပေါက်လာမယ်၊ ဒီမိုကရေစီ ဆိုတာတော့ ရမယ် မထင်ဘူးဗျာ။
0
ကူးခွေဆိုရင် ဈေးပေါတာ သေချာတယ်
written by Aung, May 19, 2010
ဒေါက်တာ၊ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ လုပ်ပိုင်ခွင့် ရှိပါတယ်။ ကိုယ်ပိုင် နာမည်လည်း သုံးဖို့ လိုပါလိမ္မယ်။ ကိုယ့်ံကို ထောက်ခံမည့်သူ ရှိရဲ့လား ဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် သုံးသပ်ပါ။ သံသူ ကွဲကြောင်း ဆိုရင်တော့ တရားမ၀င် ကူးခွေသာ ဖြစ်ပါလိမ္မယ်။ အဲသလို ဆိုရင်တော့ အရည်အချင်းေ တာ့မသိဘူး ဈေးတော့ပေါမှာ သေချာတယ်
ဘာတဲ.ဒီမိုကရေစီ, Low-rated comment [Show]
0
...
written by htoomyintnaung, May 18, 2010
yah....
sure....i agree to 9 Maung khin
0
he can do what he want
written by mike, May 18, 2010
He can do what he want.Most of the peoples in politics make friends with peoples who can give money,power and what they ask for.I think now adays we need to attack for generals and their supporters.We (all peoples in myanmar) come out and attack to them.They have force but we are about 50millions.If we are together they cannot do anything what they want.I would like to ask the peoples who struggles to the true democracy for myanmar living overseas to be one.ATTACK THEM!!!!!!!!!!ALL THE KACHIN,KAYAH,KAYIN,CHIN,MYANMAR,SHAN AND ALL NATIONALS NEED TO BE ONE.
0
NDF response NLD comment
written by khin khin, May 18, 2010
Dr has right to organize the new political party NDF its not NLD .no need to interfere or no right to disturb to form new one.At least DR will compete with thein SEIN .otherwise public will vote to whom?I agreed with NDF because NLD did not want to participate election because election wont unfair.Dr can walk by own way to try burma for democracy.NLD had chosen already their own way n they are right to boycott election.wait n see whats going on. dr try !! we are apprciating u to step forward.dont give up ,please try to win thein sein party.
0
NDF မူဝါဒ ဘာလဲ- ဘယ်လဲ
written by Thazin Pyu, May 18, 2010
ဒေါက်တာသန်းငြိမ်း တို့ အပေါ် ဘ၀င်မကျတာ လေးတွေ ရှိပါတယ်---
(၁) ဒီမိုကရေစီ ဆိုတာ မိမိ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ မိမိ သဘော တူသည်ဖြစ်စေ မတူသည် ဖြစ်စေ အများသဘောတူ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုကို အားလုံး လိုက်နာရမယ်---အခုလို မှတ်ပုံမတင်ဖို့ အများ သဘောတူ ဆုံးဖြတ်ကြပြီးမှ တစ်စင် ထောင်တာ ဘာကြောင့်လဲ----
(၂) ခေါင်းဆောင် တစ်ယောက်ဟာ မူဝါဒ တစ်ခုကို ချမှတ်တော့မယ် ဆိုရင် ဒီမူဝါဒကို မိမိကိုယ်တိုင် အလေးအနက် ယုံကြည်ရမယ်--တန်ဘိုး ထားရမယ်- ဒီမူဝါဒ အတိုင်း ခိုင်ခိုင် မာမာ ရပ်တည်ရမယ်----ကိုယ် ချမှတ်ခဲ့တဲ့ မူဝါဒ တွေကို ကိုယ်တိုင် သစ္စာ ဖေါက် ခဲ့တယ်ဆိုရင် ဘယ်လို နားလည်ရမလဲ -- ရွှေဂုံတိုင် စာတမ်းကို မိမိကိုယ်တိုင် မယုံကြည်ဘဲ ရေးခဲ့ တာလား--
ဟုတ်ကဲ့ ဒါတွေကို ဒေါက်တာ သန်းငြိမ်းတို့ ဖြေပေး စေလိုပါတယ်။ ကျေးဇူး တင်ပါတယ်
0
Yes you have absolute right as an individual
written by tqm, May 18, 2010
Dr Than Nyein, U Khin Maung Swe and their followers

Yes, you all have absolute right as individuals.
But don't try to make use of or abuse NLD's credibility and influence over people of Burma whicb you all lack of and will never gain if you all continue saying/ doing this type of non-sense.
Some more, you all have so thick skin to still say Daw Su is the leader of whatever party you all would form.
I am just an average citizen with simple mind. People like me also know that you all are not sincere and honest based on what you all said/ did.
0
ကြံ့ဖွံ့၊ ဒါမှမဟုတ် စွမ်းအားရှင်အဖွဲ့ထ� �� ၀င်လိုက်
written by Myint Aung, May 18, 2010
“NLD တရားဝင် ပျက်ပြယ်သွားတဲ့ အချိန်မှသာ ကျနော်တို့က ပါတီသစ် ထောင်တာပါ၊“ ဆိုတော့ ဒါဟာ နအဖရဲ့ မတရားတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ် ပြုနေပြီပဲ၊ ပါတီ ထောင်မနေ ပါနဲ့တော့ ဒေါက်တာရေ့။ ကြံ့ဖွံ့၊ ဒါမှမဟုတ် စွမ်းအားရှင် အဖွဲ့ထဲကိုသာ ၀င်လိုက်ပါတော့။
0
...
written by pawthut, May 18, 2010
Now..come out the real appearance of BAD chracter (NDF) made men....smilies/grin.gif
0
...
written by Hello Dr?, May 18, 2010
yes, right. Very good. I think you can not get the unity from people as like Aunty Su. Never and forever.
0
...
written by TYA, May 18, 2010
Absolutely Right. If you all have confidence stand on your own. Don't mention continuing the Duty of NLD which is not true.
0
...
written by မင်းကျော်, May 18, 2010
ဒီမိုကရေစီ သမားတဦး အနေနဲ့ ဒေါ်စု ကျနော်တို့ အပေါ် နားလည်သင့်ပါတယ်” ဆိုတာကို ရီစရာကြီးပါ။ ကိုယ်တိုင်ကိုက မှတ်ပုံ မတင်ဖို့ မဲထည့်ခဲ့ပြီးမှ ပြီးကာမှ ပါတီ ထောင်တာ ဒီမိုကရေစီလား။ ဒီမိုကရေစီကို တကယ်ယုံတာရော ဟုတ်လို့လား... ဆရာ ... မှန်တယ် ထင်ရင်၊ ဘာလို့ ကန့်ကွက်မဲ မထည့်ခဲ့တာလဲ .. . အဲလိုသာ ရရင်တော့ NDF ရဲ့ တိုင်းပြည်အပေါ် သဘောထားက ရှင်းနေပြီပေါ့ ... နအဖလက်သစ်... အာဏာရဖို့ အတွက် ကိုယ်မဲကို ကိုယ်တိုင် အရောင် ဆိုးတတ်တာ သိသာတယ်။ ဦးဝင်;တင် ပြောတာ မှန်တယ်။ ဒေါင်းယောင်သော ကျီး ဆိုတာ ...
0
ယုံကြည်၇င် ကိုယ်.အစွမ်း နဲ.ကိုယ်လျှောက်
written by 9မောင်ခင်, May 18, 2010
ဒေါက်တာေ၇ ------ ဒေါ်စုအဖြေက ၇ှင်း၇ှင်း လေးနော် ။သူ.စကား တိုက်၇ိုက် ကြားချင်တယ်ဆို လို. ပြောပီလေ။ မျက်နာချင်း ဆိုင် မကြား၇လို. ပြောအုံးမှာလား??? ???။ အဲဒီလို ဆို၇င်လဲ ကိုယ်တိုင်တွေ.ဖို. ကြိုးစားကြည်.ပါလား? ????။ တဦးချင်ုးပ်ပိုင်ခွင်. နားမလည်တာ တော. မဖြစ်နီုင် လောက်ဘူး အဓိက ပြောချင်တာ ကတော. ဒေါက်တာတို. ပါတီ ထောင်တာထက် နောက် ဒေါ်စုက သူ.အမည် နဲ. အဖွဲ.ချုပ် နာမည် အလွဲသုံးစား မလုပ်ဖို. ပညာသားနဲ. ပြောနေတာ။ ကိုယ်.ကို ကိုယ် ယုံကြည်လို. လုပ်တာ မဟုတ်လား? ????။ ယုံကြည်ရင် ကိုယ်.အစွမ်းနဲ. ကိုယ် လျှောက်စမ်းပါ ။

No comments:

Post a Comment